ကချင်ပြည်နယ်

မိုးညှင်းမြို့၌ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ်အဖြစ် တောင်သူများနှင့် အသိပညာပေးဆွေးနွေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် တောင်သူများနှင့် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပူတာအိုမြို့နယ်၌ ၂၀၂၄-၂၀၂၅ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်(Grade-5)နှင့် အလယ်တန်းအဆင့် (Grade-9) အတန်းတင်စာမေးပွဲ စတင်ဖြေဆို

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် (Grade-5) နှင့် အလယ်တန်းအဆင့် (Grade-9) အတန်းတင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို မတ်(၃)ရက် နံနက်ပိုင်းမှစတင်၍ သတ်မှတ်နေရာစာစစ်ဌာနများတွင် စတင်ဖြေဆိုကြသည်။

တနိုင်းမြို့၊ ဟူးကောင်းခန်းမ၌ (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင်အခက်အခဲများ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် မတ်လ (၃) ရက်နေ့ နံနက် (၉) နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ တနိုင်းမြို့၊ ဟူးကောင်းခန်းမ၌ (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ် တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင်အခက်အခဲများ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့၌ (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်နှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်နှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင်၊ ပူတာအိုနှင့် မချမ်း‌ဘောမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး၊ GRADE-12 ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများအား အာဟာရကြေးနှင့်ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်

မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင် စားရေရိက္ခာဖူလုံရေးအတွက် သီးထပ်စိုက်စွမ်းအား တိုးတက်မြှင့်မားရေးနှင့် ဆီထွက်သီးနှံစိုက်ပျိုးမှုတိုးတက်မြင့်မားလာစေ‌ရေးအတွက် ပူတာအိုမြို့သို့ရောက်ရှိနေသော ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖေ‌ဖော်ဝါရီ ၂၈ ရက်က ပူတာအိုနှင့် မချမ်းဘောမြို့နယ်များအတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြန်မာပြည်မြောက်ဖျားပိုင်း နောင်မွန်မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့် သီးထပ်စိုက်စွမ်းအား တိုးတက်မြင့်မားရေး ကွင်းဆင်းဆောင်ရွက်

မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်အတွင်း ဒေသတွင်းစားရေရိက္ခာဖူလုံရေးအတွက် မိုးစပါးအပြင် သီးထပ်စိုက်စွမ်းအားတိုးတက်မြင့်မားလာစေရေး ဆီထွက်သီးနှံများတိုးမြှင့်စိုက်ပျိုးနိုင်ရေး ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က နောင်မွန်မြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း မြစ်ကြီးနားတက္ကသိုလ်၏ ဂျူဒို/ ဝူရှူး အခြေခံသင်တန်းဆင်းပွဲသို့ တက်ရောက်

ကချင်ပြည်နယ်၏ ဂျူဒိုနှင့်ဝူရှူး အားကစားနည်းများ အောင်မြင်မှုရရှိ‌စေရန်နှင့် မျိုးဆက်သစ်များ မပြတ်စေရန်ရည်ရွယ်ဖွင့်လှစ်ခဲ့သော ဂျူဒိုနှင့်ဝူရှူး အခြေခံသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြစ်ကြီးနားတက္ကသိုလ် မိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြားသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုဒေသ စားရေရိက္ခာဖူလုံရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုဒေသအား စားရေရိက္ခာဖူလုံစေပြီး ဒေသဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲပိုင်းက ပူတာအိုခရိုင်၊ ပူတာအိုမြို့သို့ လေကြောင်းခရီးဖြင့်သွားရောက်ခဲ့ကာ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားကုတင် - ၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးအတွင်း ဆေးဝါးကုသမှုခံယူနေသော လူနာများအား ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံအားပေး

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့ ကုတင် - ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး (၃)ထပ်လူနာဆောင်၌ ဆေးဝါးကုသမှုခံယူနေသော လူနာများအား ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဇီးလွန်မျိုးသန့်ခြံအတွင်း တောင်သူများအတွက် အကျိုးစီးပွားဖြစ်ထွန်းမြန်သည့် ပီလောပီနံ စမ်းသပ်စိုက်ခင်း ကြည့်ရှုစစ်ဆေး၊ ကချင်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁/၂၀၂၅)လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်မြင့်မားလာစေရေးနှင့် သီးနှံအထွက်နှုန်းတိုးပွားရေး၊ ဒေသနှင့်ကိုက်ညီ၍ အကျိုးဖြစ်ထွန်းမြန်စေသည့် မျိုးကောင်းမျိုးသန့်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ရှိ ဇီးလွန်မျိုးသန့်ခြံသို့ သွားရောက်ပြီး ပီလောပီနံစိုက်ခင်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Subscribe to ကချင်ပြည်နယ်