ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ တတိယအကြိမ် မဲဆန္ဒရှင်စာရင်း အတည်ပြုကပ်ထားကြေညာမှုအား ကြပ်မတ်စစ်ဆေးဆောင်ရွက်
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်တော့မည့် ပါတီစုံဒီမိုကရေစီအထွေ ထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ရွေးကောက်ပွဲအကြို လုပ်ငန်းစဉ်အား စနစ်တကျစီမံဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၈ နာရီခွဲက မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ တတိယအကြိမ် မဲဆန္ဒရှင်စာရင်း အတည်ပြုကပ်ထားကြေညာမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။