မိုးညှင်းမြို့တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ‌ရေး တက္ကသိုလ်ဝင်စာမေးပွဲ စက်မှုအထူးပြုဘာသာရပ် (နောက်ဆုံးနေ့) ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆို

မိုးညှင်း မတ် ၁၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ‌ရေးကျောင်း စာစစ်ဌာန၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ဖြစ်သည့် စက်မှုအထူးပြု ဘာသာရပ်များကို ယနေ့နံနက် (၉) နာရီမှစတင်၍ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာဖြင့် ဆက်လက်ဖြေဆိုလျက်ရှိရာဖြေဆိုသည့် ရာခိုင်နှုန်းမှာ (၁၀၀)ရာခိုင်နှုန်းရှိကြောင်း သိရသည်။

မိုးညှင်းမြို့တွင် ဖွင့်လှစ်ထားရှိသော အထက-၂ နှင့်တွဲဖက်၍ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး‌ကျောင်း စာစစ်ဌာနတွင် စက်မှုအထူးပြုဘာသာရပ်များဖြစ်သော အဆောက်အဦး(မြို့ပြပုံဆွဲ)ဘာသာရပ်မှ ကျောင်းသား၊ ကျောင်းသူ (၂၅) ဦး၊ လျှပ်စစ်(အခြေခံပရိုဂရမ်မိတ်ဆက်)ဘာသာရပ်မှ ကျောင်းသား၊ ကျောင်းသူ (၁၉) ဦးနှင့် စက်ပစ္စည်း(စက်မှုပုံဆွဲ)ဘာသာရပ်မှ ကျောင်းသား၊ ကျောင်းသူ (၁၉)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၆၃) ဦး စိတ်အေးမြေ့စွာဖြင့်ဖြေဆိုလျက်ရှိရာ ဖြေဆိုသည့် ရာခိုင်နှုန်းမှာ (၁၀၀) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အဆိုပါစာမေးပွဲဖြေဆိုကြရာတွင် ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး အတွက် အပြင်စည်းလုံခြုံရေးအနေဖြင့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိုးညှင်း တက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် သက်ဆိုင်ရာဘာသာရပ်မှ ပါမောက္ခ(ဌာနမှူး)နှင့် ဆရာဆရာမများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အလိုက် အုပ်ချုပ်ရေးအဖွဲ့များ၊ မိဘဆရာအသင်းအဖွဲ့ဝင်များနှင့် ကျောင်းကော်မတီမှ တာဝန်ရှိသူများက ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေမိုးညှင်း