ကချင်ပြည်နယ် သယံဇာရေးရာဝန်ကြီး မြစ်ကြီးနားမြို့တွင်း မိုးရာသီရေဝပ်တင်ကျန်မှုနှင့် ရေကြီးရေလျှံမှုများမှ ကြိုတင် ကာကွယ်နိုင်ရေး ပင်မရေနှုတ်မြောင်းမကြီးများနှင့် ရေနှုတ်မြောင်းငယ်များအား ကွင်းဆင်းစစ်ဆေး
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ နှစ်စဉ်မိုးရာသီတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်အချို့၌ ရေဝပ် တင်ကျန်မှုများ၊ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာရေးရာဝန်ကြီး ဦးတိန့်ဆောင်က မြို့တွင်းဖြတ်သန်းသည့် ပင်မရေနှုတ်မြောင်းများ အခြေအနေကို ကွင်းဆင်းစစ်ဆေးခဲ့သည်။