ကချင်ပြည်နယ်

တနိုင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ ပန်းချီပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီ ကလေးငယ်များ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရန် ရည်ရွယ်၍ ပန်းချီပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့အား ၂၀၂၃-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည့် Safe City Project နှင့် မြို့တော်ခန်းမသစ် တည်ဆောက်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့အား မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာပြီး အများ ပြည်သူအေးချမ်း ခြုံလုံ‌၍ စနစ်ကျသော မြို့ပြတစ်ခုဖြစ် လာစေရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ် ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် Safe City Project တွင် ပါဝင်သည့် လုပ်ငန်းစီမံကိန်းများနှင့် မြို့တော်ခန်းမသစ် ဆောက်လုပ်နိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

တနိုင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ မူလတန်းအဆင့် ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၊  လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယမန်နေ့မွန်းလွဲ ၂ နာရီက မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်ဖြစ်သည့် လင်းတငှက် မျိုးစိတ်များ ကျင်လည်ကျက်စားလျက်ရှိ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ ဧပြီလတွင် ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်ဖြစ်သည့် လင်းတငှက်မျိုးစိတ်များ ကျင်လည်ကျက်စားလျက် ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ “မိုခါ” ဆိုင်ကလုန်းမုန်တိုင်း ဘေးသင့်ဒေသများအတွက် အလှူငွေကျပ် သိန်း ၁၀၀၀ လှူဒါန်းခဲ့သည့်အပြင် လုပ်ငန်းရှင်အသင်းအဖွဲ့များနှင့် ပြည်သူများ ထည့်ဝင်လှူဒါန်းနိုင်ရေး ညှိနှိုင်းဆွေးနွေး

မြန်မာနိုင်ငံအတွင်း အလွန့်အလွန်အားကောင်းသော “မိုခါ” ဆိုင်ကလုန်းမုန်တိုင်း ဖြတ်သန်းဝင်ရောက်မှုကြောင့် ဘေးသင့်ဒေသများရှိ ပြည်သူများအား ပြန်လည် ထူထောင်ရေးအတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ကူညီထောက်ပံ့မှုများပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီခွဲက ပြည်နယ် အစိုးရအဖွဲ့ရုံး၊ မလိခခန်းမဒေသတွင်းရှိ လုပ်ငန်းရှင်အသင်း/ အဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အလှူငွေများ စုပေါင်းထည့်ဝင်လှူဒါန်းခဲ့ကြသည်။

ချီဖွေမြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေ

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့်  ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်ကို ယနေ့နံနက် (၇) နာရီတွင် ချီဖွေမြို့နယ်ရှိ မြို့မဈေးတွင် ဖြန့်ဝေခဲ့ကြသည်။

ပူတာအိုခရိုင်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်းဆင့် Grade-9 သင်ရိုးသစ် (ခရိုင်အဆင့်) ဆင့်ပွားသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် Grade-9 စနစ်သစ် ဘာသာရပ်ဆိုင်ရာ သင်ခန်းစာအကြောင်းအရာများ၏ Basic Concept များကို ပိုမိုသိရှိနားလည် အသုံးပြုနိုင်ရန်နှင့် Grade-9 သင်ရိုးသစ် ကျောင်းသုံးပြဌာန်းစာအုပ်နှင့် ဆရာလမ်းညွှန် စာအုပ် အသစ်ဖွဲ့စည်းပုံနှင့် အသုံးပြုပုံများကို နားလည်သဘောပေါက် စေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်းဆင့် Grade-9 သင်ရိုးသစ်(ခရိုင်အဆင့်) ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။

နောင်မွန်းမြို့၌ ဒေသဝမ်းစာဖူလုံရေးအတွက် အထူးအထွက်နှုန်းတိုး ဆင်ဧရီ-၃ မျိုးစပါး (၃၂၀)တင်းအား တောင်သူများထံ ထောက်ပံ့

ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် ဒေသတွင်းဝမ်းစာဖူလုံရေးနှင့် တောင်သူများ မိသားစုဝင်ငွေ တိုးပွားလာစေရန် အတွက် တောင်သူများအား အထူး အထွက်နှုန်းတိုး ဆင်းဧကရီ-၃ မျိုးစပါး ထောက်ပံ့ခြင်းနှင့် စိုက်ပျိုး တောင်သူ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပူတာအိုခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်အား အကောင်းဆုံးဆုပေးပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမတွင် လူငယ်များစာကြည့်တိုက်နှင့် ပိုမိုရင်းနှီးလာစေရန်၊ စာဖတ်သူ၊ စာငှားသူများ အစဉ်တိုးပွားလာ စေရန်နှင့် ကလေးငယ်များ ကလေးစာဖတ်ခန်းအား ပိုမိုစိတ်ဝင်စားလာစေရန် ရည်ရွယ်၍ ပုံပြင်ပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာဖတ်စွမ်း ရည်ပြိုင်ပွဲများအား လစဉ်ကျင်းပပေး လျက်ရှိရာ ယနေ့ နံနက် (၁၁)နာရီတွင် စာဖတ်အားအကောင်းဆုံး ဂုဏ်ပြုဆုပေးပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ များ ကျင်းပပေးခဲ့သည်။

ကချင်ပြည်နယ် သယံဇာရေးရာဝန်ကြီး မြစ်ကြီးနားမြို့တွင်း မိုးရာသီရေဝပ်တင်ကျန်မှုနှင့် ရေကြီးရေလျှံမှုများမှ ကြိုတင် ကာကွယ်နိုင်‌ရေး ပင်မရေနှုတ်မြောင်းမကြီးများနှင့် ရေနှုတ်မြောင်းငယ်များအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ နှစ်စဉ်မိုးရာသီတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်အချို့၌ ရေဝပ် တင်ကျန်မှုများ၊ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာရေးရာဝန်ကြီး ဦးတိန့်ဆောင်က မြို့တွင်းဖြတ်သန်းသည့် ပင်မရေနှုတ်မြောင်းများ အခြေအနေကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
Subscribe to ကချင်ပြည်နယ်