မိုးညှင်း မေ ၁၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-9 သင်ရိုးသစ် ခရိုင်အဆင့် ဆင့်ပွား သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်း ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က အဆိုပါ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက် ၍ အဖွင့်အမှာစကားပြောကြားပြီး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက ဆရာ၊ ဆရာမများအနေဖြင့် ဘာသာရပ် အလိုက် ကျွမ်းကျင်နားလည်သွားစေရန်၊ မိမိတတ်ကျွမ်း နားလည်သော ဘာသာရပ်ကို ပြန်လည်၍ ပိုင်နိုင်စွာ ပို့ချနိုင်စေ ရန်နှင့် ဘာသာရပ်အသစ်များကို အလေးထားပြီး တိုင်ပင်ဆွေးနွေးမှုများ ပိုမိုပြုလုပ်သွားစေရန်စသည့် ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မိုးညှင်းမြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဆွေက အဆိုပါ ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ က သင်တန်းသား၊ သင်တန်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားခဲ့သည်။
ထို့အတူ အဆိုပါ အဖွဲ့သည့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ သင်တန်းများ ပို့ချနေ သည့် သင်တန်းသား သင်တန်းသူများကို သွားရောက်တွေ့ဆုံအားပေးကာ သင်တန်းတွင် လိုအပ်သည့် ကျန်းမားရေး၊ လုံခြုံရေးနှင့် နေရေးထိုင် ရေးစသည့် အခက်အခဲများမရှိစေရေးတွက် လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
မိုးညှင်းခရိုင်အတွင်း အခြေခံပညာ အလယ်တန်းအဆင့်ကျောင်းများမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-9 သင်ရိုးသစ် ခရိုင်အဆင့် ဆင့်ပွားသင်တန်းကို သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၈၀၈)ဦး တက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာ ဘာသာရပ်များအလိုက် သင်တန်းနည်းပြ (၄၁)ဦးက အ.ထ.က(၁)နှင့် အ.ထ.က(၃)တွင် နှစ်ကျောင်းခွဲ၍ သင်တန်းများအား မေလ(၁၇)ရက်မှ (၂၄)ရက်ထိ (၈)ရက်ကြာ သင်ကြားပို့ချလျက်ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
ရွှေမိုးညှင်း