တနိုင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ မူလတန်းအဆင့် ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပ

တနိုင်း မေ ၁၈

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၊  လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယမန်နေ့မွန်းလွဲ ၂ နာရီက မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦးက  ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုထက်မြက်လာစေရန်ရည်ရွယ်၍ ဆေးရောင်ခြယ် ပြိုင်ပွဲ ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ကျောင်းသား/သူ (၂၅) ဦး ပါ၀င် ယှဉ်ပြိုင်ကြရာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုရရှိသူများအား အမှတ်တရ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ပိုင်ထွန်း(တနိုင်း)