တနိုင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ ပန်းချီပြိုင်ပွဲ ကျင်းပ

တနိုင်း မေ ၁၉

ကချင်ပြည်နယ် တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီ ကလေးငယ်များ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရန် ရည်ရွယ်၍ ပန်းချီပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ဦးစီးအရာရှိဒေါ်ဝါဦးက ယခုကာလသည့် ကလေးငယ်များ အားလပ်ချိန်ဖြစ်သည့်အလျောက် ကလေးငယ်များ စာကြည့်တိုက်နှင့် ကင်းကွာမှုမရှိ​စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ဖွင့်လှစ် သင်ကြားပေးနေသည့် နွေရာသီအခြေခံပန်းချီသင်တန်းမှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်သူများက "နွေရာသီအားလပ်ရက်" ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြပြီး၊ ပြိုင်ပွဲတွင် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ပန်းအိ(တနိုင်း)