ဗန်းမော်မြို့နယ်တွင် မိုးရာသီ တိရစ္ဆာန်အစာပင် သရုပ်ပြစိုက်ခင်း ရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဗန်းမော်မြို့နယ်၊ ((၅)မိုင်) စီအင်ကျေးရွာ၌ တိရစ္ဆာန်များ အစာဖူလုံမှုရှိစေရန်အတွက် မိုးရာသီ တိရစ္ဆာန်အစာပင် သရုပ်ပြစိုက်ခင်း ရက်သတ္တပတ်လှုပ်ရှားမှုကို ယမန်နေ့ ညနေ ၃ နာရီခန့်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။