မိုးကောင်း ဇူလိုင် ၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှအသက် (၂)နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆေးတိုက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဂျီ)၊ ပြင်းထန်းဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ဆုံစို့-ကြက်ညာ-မေးခိုင်-အသည်းရောင်အသဝါ(ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနောက်ရောင်ကာကွယ် ဆေးများကို မွေးစမှ (၂)လ၊ (၄)လ၊ (၆)လ၊ (၉)လနှင့် တစ်နှစ်ခွဲကလေးငယ်များအား အသက်အရွယ်အလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့်စတုတ္ထအကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံခြင်း၊ တိုက်ခြင်းများဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါဆေးထိုးနှံတိုက်ကျွေးခြင်းများကို ဇူလိုင်(၄)ရက်မှစတင်ထိုးနှံလျက်ရှိပြီး နံနက်(၉)နာရီမှ နေ့လယ်(၁၂)နာရီထိတစ်ကြိမ်၊ နေ့လယ် (၁)နာရီမှ ညနေ(၃)နာရီထိတစ်ကြိမ် မြို့ပေါ်ရှိ(၁၀) ရပ်ကွက်အားရပ်ကွက်အလိုက် ထိုးနှံပေးကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)