ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် ဝိုင်းမော်မြို့နယ်အတွင်း စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဧက ၁၀၀ စိုက်ကွင်းအတွင်း ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းစွမ်းရည်ပြိုင်ပွဲသို့တက်ရောက်
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအုပ်စုမဒိန်ကွင်းအား ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဖော်ထုတ်ပြီးစီးခဲ့သော စက်မှုလယ်ယာစနစ်ကျလယ်ယာမြေဧက ၁၀၀ စိုက်ကွင်းအတွင်း မိုးစပါးပန်းတိုင်အထွက် နှုန်းပြည့်မီစေရေးနှင့် စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲကျင့်သုံးနိုင်ရေး တောင်သူအသိပညာပေး ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါဧက ၁၀၀ စိုက်ကွင်းအတွင်း ကျင်းပပြုလုပ်သည်။