မိုးမောက် ဇူလိုင် ၁၃
ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ နိသောကရာမဘုန်းတော်ကြီးသင်ကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် စာဖတ်ခြင်းအလေ့အထ ကောင်းများနှင့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ နယ်လှည့်အသိပညာပေးဟောပြောပွဲ ကို ဇူလိုင်လ ၁၃ ရက် နံနက် ၉ နာရီခန့်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ စာထောက်-၃ ဒေါ်မြမြရင်က ကျောင်းသား/သူများ စာဖတ်ခြင်းအလေ့အထနှင့် ဗဟုသုတတိုးပွားစေရန် မိမိတို့ဌာနအနေဖြင့် နယ်လှည့်အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်နေကြောင်းနှင့် ကျောင်းသူ/သားများ အနေဖြင့် စာဖတ်ခြင်းအလေ့အထကို ဆောင်ရွက်တတ်ရေးတို့ကို ဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများအား စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုစေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်