ကချင်ပြည်နယ်

အခြေခံနှင့်မွမ်းမံ စက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး ဆောင်ရွက်မည့် အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဗန်းမော်မြို့နယ် မံရေးစံပြ ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို လမ်းညွှန်   မှာကြားချက်များနှင့်အညီ အလေးထားလိုက်နာ၍ တိုးမြှင့်ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို နိုင်ငံတော် အစိုးရ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ အလေးထားလိုက်နာ၍ တိုးမြှင့်ထုတ်လုပ်နိုင်ရေး  ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ဇူလိုင် ၂၂ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

မချမ်းဘော၌ မြို့နယ်စုသမဝါယမအသင်း(လီမိတက်)၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွက် အစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် မြို့နယ်စုသမဝါယမအသင်း(လီမိတက်)၏ ၂၀၂၂-၂၀၂၃ ခု နှစ်ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁နာရီက မြို့နယ်သမဝါယမ ဦးစီးဌာနရုံးခန်းမ၌ကျင်းပခဲ့သည်။

တနိုင်းမြို့၌ အငြိမ်းစားဝန်ထမ်းပင်စင်လစာငွေများ ထုတ်ပေး

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများသည် ပင်စင်လစာငွေများကို ယနေ့နံနက် (၈)နာရီမှ စတင်၍ လာရောက်ထုတ်ယူ လျက်ရှိသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကဇူးကျေးရွာ၌ နန်ဆန်ယန်ဒေသမှ တိမ်းရှောင်လာသော ပြည်သူများအား ဆန်နှင့်ရိက္ခာခြောက်များ ထောက်ပံ့

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်း မြစ်ကြီးနား- ဗန်းမော်သွားကားလမ်းပေါ်ရှိ နန်ဆန်ယန်ကျေးရွာမှ ခေတ္တတိမ်းရှောင်လာသော ပြည်သူများအား လတ်တလောနေထိုင်စားသောက်မှု အဆင်ပြေချောမွေ့စေရေး ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက ကဇူးကျေးရွာရှိ တိမ်းရှောင်ပြည်သူများအား ဆန်နှင့်ရိက္ခာခြောက်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ကိုယ်စားပြု ကဏ္ဍအလိုက် ထူးချွန်ဆုများရရှိအောင် စွမ်းဆောင်နိုင်သူများအား ဂုဏ်ပြုချီးမြှင့်၊ ပြည်ထောင်စုလမ်းမကြီးအပါအဝင် မိန်းလမ်းမကြီးများ လမ်းဘေးဝဲ/ယာ အရိပ်ရနှစ်ရှည်ပင်များ စိုက်ပျိုးနိုင်ရေး ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍစုံ၊ ဘက်စုံမှ ပြည်နယ်ကိုယ်စားပြု၍ ကဏ္ဍ များအလိုက် ထူးချွန်ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြသော ဌာနဆိုင်ရာများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ အားကစားသများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၂၁ ရက် နံနက် ၁၀ နာရီ က ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

မံစီမြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသား၊ အမျိုးသမီး မိုးရာသီဘောလုံးပြိုင်ပွဲ ဆုပေးပွဲကျင်းပ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် အားကစားကွင်း၌ ဇူလိုင် ၂၀ ရက် ညနေ ၄ နာရီက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုပေးပွဲကျင်းပခဲ့သည်။

ဗန်းမော်မြို့အ.ထ.က(၂)ကျောင်း၏၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းတွင်းသင်ထောက်ကူပစ္စည်း ပြပွဲ၊ ပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမ၌ အ.ထ.က(၂)ကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းတွင်း သင်ထောက်ကူပစ္စည်းပြပွဲ၊ ပြိုင်ပွဲကို ဇူလိုင် ၂၁ ရက် နံနက် ၉ နာရီကစတင်၍ ကျင်းပခဲ့ကြောင်း သိရသည်။

ဗန်းမော်ခရိုင်Community Centre ခန်းမ၌ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု အန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဗန်းမော်ခရိုင်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကို ဇူလိုင် ၂၁ ရက် နံနက် ၁၀ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချီဖွေမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား လူငယ်များ မူးယစ်ဆေးဝါး၏ ဘေးအန္တရာယ်ဆိုးကျိုးများကို သိရှိနိုင်ရန်နှင့် မူးယစ်ဆေးဝါး သုံးစွဲမှုမရှိစေရေးအတွက် အသိပညာ‌ပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။
Subscribe to ကချင်ပြည်နယ်