မချမ်းဘော၌ မြို့နယ်စုသမဝါယမအသင်း(လီမိတက်)၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွက် အစည်းအဝေးကျင်းပ

မချမ်းဘော ဇူလိုင်  ၂၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် မြို့နယ်စုသမဝါယမအသင်း(လီမိတက်)၏ ၂၀၂၂-၂၀၂၃ ခု နှစ်ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁နာရီက မြို့နယ်သမဝါယမ ဦးစီးဌာနရုံးခန်းမ၌ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စုသမဝါယမအသင်း(လီမိတက်) သဘာပတိ ဦးSဖေရမ်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဂျာရွယ်က  ယနေ့ကျင်းပ ပြုလုပ်သော အစည်းအဝေးသည် မြို့နယ်စုသမဝါယမအသင်း(လီမိတက်)၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အစည်းအဝေးဖြစ်သည့်အတွက် အသင်းစုများ၏ လိုလားချက်၊ အားနည်းချက်၊ အားသာချက်ကိုလည်း ပွင့်လင်းစွာ ဆွေးနွေးကြစေလိုကြောင်း၊ အခြေခံအသင်းစုများအားနည်းလျှင် မြို့နယ်စုလည်းအားနည်းသလို အခြေခံအသင်းစုများ ဖွံ့ဖြိုးတိုးတက်မှသာ မြို့နယ်စု ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အတွက် အမှုဆောင်အဖွဲ့ဝင်များအနေဖြင့်လည်း မိမိတို့အသင်းစုများဖွံ့ဖြိုးတိုးတက်ရေး အသင်းသားများအား စည်းရုံး ကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်မြို့နယ်သမဝါယမဦးစီးဌာန ဌာနစာရေး- ၁ ဦးနော်ဂျာက ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်အတွက် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းကို ဖတ်ကြားရှင်းလင်းပြီး အစည်းအဝေးတက်ရောက်လာသူများက နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများအပေါ် အကြံပြုဆွေးနွေးချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာကြသော အမှုဆောင်အဖွဲ့ဝင်များအား အစုရှယ်ယာအပေါ် ချီးမြှင့်လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မချမ်းဘော မြို့နယ်စုသမဝါယမအသင်း(လီမိတက်)တွင် မြို့နယ်အသင်းစု(၁)စုမချမ်းဘောမြို့ပေါ် ၄ရပ် ကွက်မှအခြေခံအသင်းစု(၇)သင်း၊ နမ်ခမ်ကျေးမှ အသင်းစု(၅)သင်း၊ အင်ဘူဘော့ကျေးရွာမှ (၁)သင်း၊ ကောင်းမှုလုန်ကျေးရွာမှ (၁) သင်း၊ ထရန်ဒမ်းကျေးရွာမှ (၁)သင်း၊ လုံဒိန်ဒမ်းကျေးရွာမှ (၂)သင်း၊ ငွားဇာခါးကျေးရွာမှ (၁) သင်းစုစုပေါင်း သမဝါယမအသင်းစု(၂၁)သင်းရှိပြီး မြို့နယ်သမဝါယမအသင်း (လီမိတက်) လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော့)