တနိုင်းမြို့၌ အငြိမ်းစားဝန်ထမ်းပင်စင်လစာငွေများ ထုတ်ပေး

တနိုင်း ဇူလိုင် ၂၁

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများသည် ပင်စင်လစာငွေများကို ယနေ့နံနက် (၈)နာရီမှ စတင်၍ လာရောက်ထုတ်ယူ လျက်ရှိသည်။

တနိုင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံဝန်းထမ်းများ၏ သက်ပြည့်ပင်စင်၊ လုပ်သက်ပြည့်ပင်စင် လစာငွေများအား လစဉ်ပုံမှန် ရုံးဖွင့်ရက် (၂၁) ရက်နေ့မှ စတင်ထုတ်ပေး လျက်ရှိပြီး ကျန်ရက်များတွင်လည်း နံနက် (၉)နာရီမှ ဘဏ်ဖွင့်ချိန်အတွင်း လာရောက်ထုတ်ယူ နိုင်၍ ပင်စင်လစာငွေများအား မိမိကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်တိုင်လာရောက်ထုတ်ယူ နိုင်ခြင်း မရှိသူများအနေဖြင့် ၄င်း၏ မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွဲစာဖြင့် လာရောက် ထုတ်ယူနိုင်ကြောင်းနှင့် တနိုင်းမြို့နယ်အနေဖြင့် လစဉ်ပင်စင်လစာငွေများထုတ်ယူသည့် (၄၆၅)ဦး ရှိကြောင်း သိရှိရသည်။

ပန်းအိ(တနိုင်း)