ဗန်းမော် ဇူလိုင် ၂၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမ၌ အ.ထ.က(၂)ကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းတွင်း သင်ထောက်ကူပစ္စည်းပြပွဲ၊ ပြိုင်ပွဲကို ဇူလိုင် ၂၁ ရက် နံနက် ၉ နာရီကစတင်၍ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါကျောင်းတွင်းသင်ထောက်ကူပြပွဲ၊ ပြိုင်ပွဲကို အ.ထ.က(၂)ကျောင်း၏ Grade–6 မှ Grade-12 ရှိ ကျောင်းသား၊ကျောင်းသူများနှင့်ဘာသာရပ်ပြဆရာ၊ဆရာမများပူးပေါင်း၍ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ပထဝီဝင်၊ သမိုင်း၊ ဘောဂဗေဒဘာသာရပ်များအလိုက် သင်ထောက်ကူပစ္စည်းများ ပြပွဲ၊ ပြိုင်ပွဲတွင် ပဝင်ယှဉ်ခဲ့ကြရာ မြို့နယ်ပညာရေးမှူး ဒေါ်ထုလွမ်၊ ဒုမြို့နယ်ပညာရေးမှူး ဦးဝင်းတင့်၊ အထက(၂)ကျောင်းအုပ်ဆရာမကြီးဒေါ်ခိုင်စန္ဒာနှင့် ကျောင်းသားကျောင်းသူများက လှည့်လည် လေ့လာ ကြည့်ရှုအားပေးခဲ့သည်။
၎င်းသင်ထောက်ကူပစ္စည်းပြပွဲ၊ပြိုင်ပွဲကို ထက်၊ လယ် ၊မူဆရာ၊ ဆရာမများ မိမိတို့၏ ဘာသာရပ်အသီးသီးတွင် သင်ထောက်ကူအသုံးပြုသင်ကြားနိုင်စေရန်၊ သင်ခန်းစာနှင့်ကိုက်ညီမည့် သင်ထောက်ကူအမျိုးအစားရွေးချယ်တတ်စေရန်၊ ကျောင်းသားကျောင်းသူများအနေဖြင့် ဘာသာရပ် များနှင့်ကိုက်ညီသည့်သင်ထောက်ကူပစ္စည်းများကိုထိတွေ့ကိုင်တွယ်ကြည့်ရှုနိုင်စေရန်၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သင်ထောက်ကူများကိုတွေ့ရှိရခြင်းဖြင့် ဘာသာရပ်အသီးသီးကို ပိုမိုစိတ်ဝင် စားလာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ တီထွင်ဖန်တီးလိုစိတ်များပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ဘာသာရပ်များဆိုင်ရာသင်ထောက်ကူပစ္စည်းများပြပွဲ၊ပြိုင်ပွဲ တွင် ပထမ၊ ဒုတိယ၊ တတိယဆုများရွေးချယ်ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါပြပွဲ၊ ပြိုင်ပွဲကို ယနေ့ညနေ ၄နာရီခွဲအထိ ပြသသွားမည်ဖြစ်ကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)