ကချင်ပြည်နယ်

ပူတာအိုခရိုင်၌ ပေါင်းနှင့်ကြွက်ကာကွယ်နှိမ်နှင်းရေး TOT ဆင့်ပွားသင်တန်းဖွင့်

စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကချင်ပြည်နယ်၊ ပူတာအိုခရိုင်စိုက်ပျိုးရေးဦးစီး ဌာန၏ကြီးကြပ်မှုဖြင့် တောင်သူများစနစ်တကျ ပေါင်းကာကွယ်နှိမ်နှင်းနည်းစနစ် သိရှိကျင့်သုံးတတ်စေရန်၊ သီးနှံပင်သက်တမ်းတစ်လျောက် ကြွက်ဖျက်စီးမှုအန္တရာယ် ကြိုတင်ကာကွယ်တတ်စေရန်နှင့် ကြွက်ကျရောက် ဖျက်စီးမှုရှိပါက နှိမ်နှင်းနည်းစနစ်များ သိရှိလိုက်နာကျင့်သုံးတတ်စေခြင်းအားဖြင့် သီးနှံဖျက်စီးမှုနှင့်သီးနှံ အထွက်နှုန်းထိခိုက်မှု အတတ်နိုင်ဆုံးလျော့နည်းစေခြင်းအားဖြင့် တောင်သူ၏အကျိုးစီးပွားအားထိခိုက်မှု မဖြစ်ပေါ်စေရေးအတွက် ပေါင်းနှင့်ကြွက်ကာကွယ်နှိမ်နှင်းရေး TOT ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင် (၂၆) ရက် နံနက် (၉) နာရီခွဲက အဆိုပါရုံးအစည်းအဝေး ခန်းမ၌ကျင်းပသည်။

ပြည်နယ်အတွင်း နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီ အစည်းအဝေးကျင်းပ

ကချင်ပြည်နယ်အတွင်း ပြည်တွင်းနေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ပြည်နယ်အဆင့် ကော်မတီအဖွဲ့ဝင်များနှင့်အတူ ယနေ့မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌  ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

၂၀၂၃-၂၀၂၄ပညာသင်နှစ် ဗန်းမော်မြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် (ကျား/မ) မိုးရာသီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အားကစားကွင်း၌ မြို့နယ်အဆင့်ဘောလုံးပြိုင်ပွဲ ကျင်းပရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဗန်းမော်မြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက်  (ကျား/မ) မိုးရာသီဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိုးရာသီအမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်

ကချင်ပြည်နယ်၊ ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိုးရာသီ အမျိုးသားဘောလုံးပြိုင်ပွဲကို ယမန်နေ့ညနေ ၃ နာရီက ပြည်နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက် အားပေးချီးမြှင့်သည်။

မိုးညှင်းတက္ကသိုလ်၌ မြန်မာ့ရိုးရာခြင်းလုံးအလှပြ ခတ်ပြခြင်းနှင့် အမျိုးသားပိုက်ကျော်ခြင်း ချစ်ကြည်ရေးပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းတက္ကသိုလ်တွင် မြန်မာ့ရိုးရာခြင်းလုံးအလှပြ ခတ်ပြခြင်းနှင့် အမျိုးသားပိုက်ကျော်ခြင်း ချစ်ကြည်ရေးအားကစားပြိုင်ပွဲကို ဇူလိုင် (၂၄) ရက် ညနေ (၃) နာရီခွဲက ဘက်စုံသုံးအားကစားခန်းမ၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဗန်းမော်ခရိုင်အတွင်းရှိ ဘုန်းတော်ကြီး/သီလရှင် ပညာရေးကျောင်းနှင့် ပရဟိတကျောင်းများအား ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများထောက်ပံ့လှူဒါန်းပွဲတက်ရောက်

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ဗန်းမော်မြို့၊နောင်ခိုရပ်ကွက်ရှိ တံခွန်တိုင်သီလရှင်စာသင်တိုက်၌ ဇူလိုင် ၂၅ ရက် နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည့် ဗန်းမော်ခရိုင်အတွင်းရှိ ဘုန်းတော်ကြီး/သီလရှင်သင် ပညာရေးကျောင်းနှင့် ပရဟိတကျောင်းများအား ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့လှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။

ဝိုင်းမော်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရေးလုပ်ငန်းဆပ်မကော်တီမှ ပိုက်ပြင်ပိုက်ဆက်သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရေးလုပ်ငန်းဆပ်ကော်မတီမှကြီးမူး၍ ပိုက်ပြင် ပိုက်ဆက်သင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စု ဂါလိလဲအိုင် ကျေးရွာရှိ “ဂါလိလဲအင်း” လူငယ်ပြုစုပျိုးထောင်ရေး လူမှုအသင်း သင်တန်းကျောင်းရှိ ခန်းမတွင် ကျင်းပခဲ့သည်။

ပူတာအိုဒေသထွက် ရှီးပတီး(ခေါ်)ပိုးဆေးနွယ်ရှင်သည် ခက်ခက်ခဲခဲရှာဖွေရသော ဆေးဖက် ဝင်တစ်မျိုးဖြစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ရေခဲတောင်ဒေသအပါအဝင် ရေခဲတောင်များဖုံးလွမ်းရာ တိဘက်ကုန်းမြင့်ဒေသနှင့် ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ တစ်သောင်းအထက်တွင်သာ ရှာဖွေတွေ့ရှိနိုင်သည့် ဆေးဖက်ဝင် ရှီးပတီး(ခေါ်) ပိုးဆေးနွယ်ရှင်သည် ခက်ခက်ခဲခဲ ရှာဖွေရသော ဆေးဖက်ဝင်တစ်မျိုးဖြစ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံဝန်ထမ်းမိသားစုများအား နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်(Biographic) ၊ ဇီဝဆိုင်ရာအချက်အလက် (Biometric) များကောက်ယူခြင်း နှင့်‌ UID နံပါတ်များထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး

ကချင်ပြည်နယ်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကချင်ပြည် နယ်ဦးစီးမှူးရုံးနှင့် မြစ်ကြီးနားမြို့နယ် ဦးစီးမှူးရုံးအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းမိသားစုများအား ကိုယ်ရေးအချက်အလက်(Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းနှင့် UID နံပါတ်များ ထုတ်ပေးခြင်းလုပ်ငန်းကို ဇူလိုင် ၂၄ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးခဲ့ကြသည်။

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာတွင် နေအိမ်(၃)လုံး မီးလောင်မှုဖြစ်ပွား

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် ဆိပ်မူကျေးရွာတွင် ဇူလိုင်(၂၃)ရက် ည (၉)နာရီခန့်က လူနေအိမ်(၃)လုံး မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်