မံစီမြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသား၊ အမျိုးသမီး မိုးရာသီဘောလုံးပြိုင်ပွဲ ဆုပေးပွဲကျင်းပ

မံစီ ဇူလိုင် ၂၁

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် အားကစားကွင်း၌ ဇူလိုင် ၂၀ ရက် ညနေ ၄ နာရီက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုပေးပွဲကျင်းပခဲ့သည်။

ဘောလုံးပြိုင်ပွဲတွင် အမျိုးသားအသင်း (၁၀) သင်း၊ အမျိုးသမီးအသင်း (၈) သင်းဖြင့် ဇူလိုင် ၁၃ ရက်နေ့မှ ၂၀ ရက်နေ့အထိ အသီးသီးယှဉ်ပြိုင်ခဲ့ကြပြီး နောက်ဆုံးဗိုလ်လုပွဲသို့တက်ရောက်သွားသည့် အခြေခံပညာအထက် တန်းကျောင်း (မံစီ) အမျိုးသားအသင်းနှင့် အခြေခံပညာအထက်တန်းကျောင်း (မိုင်းခေါင်) အမျိုးသားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အခြေခံပညာအထက်တန်းကျောင်း (မိုင်းခေါင်) အမျိုးသားအသင်းက (၂-၀) ဂိုး ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲဆုပေးပွဲတွင် အမျိုးသားအသင်း အ.ထ.က(မိုင်းခေါင်)မှ ပထမဆု၊ အ.ထ.က(မံစီ)မှ ဒုတိယဆု၊ အ.လ.က(ကောင်ရာ)မှ တတိယဆု၊နှင့် နှစ်သိမ့်ဆုကို အ.လ.က(သံတံတား)မှလည်းကောင်း အမျိုးသမီးအသင်း ပထမဆုကို အ.ထ.က(မိုင်းခေါင်)၊ ဒုတိယဆုကို အ.လ.က(တုံပလွေ)၊ တတိယဆုကို အ.ထ.က(မံစီ)နှင့်နှစ်သိမ့်ဆုကို အ.လ.က (ကောင်ရာ) တို့အား သက်ဆိုင်ရာတာဝန်ရှိသူများက  ပြိုင်ပွဲအမှတ်တရဆုဖလားနှင့် ငွေသားဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)