ဗန်းမော် ဇူလိုင် ၂၅
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ဗန်းမော်မြို့၊နောင်ခိုရပ်ကွက်ရှိ တံခွန်တိုင်သီလရှင်စာသင်တိုက်၌ ဇူလိုင် ၂၅ ရက် နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည့် ဗန်းမော်ခရိုင်အတွင်းရှိ ဘုန်းတော်ကြီး/သီလရှင်သင် ပညာရေးကျောင်းနှင့် ပရဟိတကျောင်းများအား ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့လှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ နမောတဿ (၃) ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ အခမ်းအနားသို့ တက်ရောက်လာသူများက ရတနာသုံးပါးနှင့်တကွ ဆရာတော်ကြီးများအား ကန်တော့ခြင်းနှင့် ကြွရောက်လာသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့က ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ပေးသည်။
ယင်းနောက်ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ဗန်းမော် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်တာဝန်ရှိသူများက ဝါဆိုသင်္ကန်း၊ ကျောင်းသုံးဗလာစာအုပ်နှင့်စာရေး ကိရိယာများကို ဆက်ကပ်လှူဒါန်းပြီး တိုင်းရင်းသားရေးရာဝန်ကြီးဦးကျော်မင်းခိုင်၏ဇနီး သီရိသုဓမ္မသိင်္ဂီ ဒေါ်သွဲ့လေးအောင်က သီလရှင်ဆရာကြီးများအား ကျောင်းသုံးဗလာစာအုပ်နှင့်စာရေးကိရိယာများကို ဆက်ကပ်လှူဒါန်းခဲ့ကာ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားတော်နှင့် ရေစက်ချတရားတော် ချီးမြှင့်ပေးခဲ့ပြီး ဗုဒ္ဓသာသနာစိရံတိဌတု (၃) ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကာ ဆရာတော်၊သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဗန်းမော်ခရိုင်အတွင်းတွင် ဘုန်းတော်ကြီး/သီလရှင် ပညာရေးကျောင်းနှင့် ပရဟိတကျောင်းများ စုစုပေါင်း(၁၀)ကျောင်းရှိပြီး ၎င်းကျောင်းများအတွက် ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ လှူဒါန်းမှုတန်ဖိုးစုစုပေါင်း (၁၅၆၅၄၅၀၀)ကျပ်နှင့် နဝကမ္မအလှူငွေ ကျပ်(၁၀)သိန်းတိတိတို့ကို လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)