ဆဒုံးဒေသထွက် ဂေါ်ရခါးသီးများ ခူးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ရှိ ဒေသခံပြည်သူများမှာ စားဝတ်နေရေးအတွက် လယ်၊ ယာ လုပ်ငန်းအား အဓိကလုပ်ကိုင်ကြရာ ဒေသခံများအနေဖြင့် ဂေါ်ရခါးပင်များကို စင်ထိုးပြီး တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ယခုအခါ ဂေါ်ရခါးသီးများ ခူးယူရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိကြောင်း သိရသည်။