မိုးညှင်း စက်တင်ဘာ ၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် လူငယ်သီတင်းပတ်(Youth Week) ဗလငါးတန် ဖွံ့ဖြိုးရေးလှုပ်ရှားမှုအဖြစ် မိတ္တဗလ အနေဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် (၇)နာရီခွဲ က မြရတနာဆောင်ရှေ့၌ စိုက်ပျိုးခဲ့ကြသည်။
စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်တွင် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက နှစ်ရှည်ပျိုးပင်များ စိုက်ပျိုးခြင်းဖြင့် သစ်တောသယံဇာတ များ ရေရှည်တည်တံ့ခိုင်မြဲစေရန်၊ ဂေဟစနစ်ထိန်းသိမ်းနိုင် စေရန်၊ ကျောင်းပတ်ဝန်းကျင် စိမ်းလမ်းစိုပြေပြီး သာယာလှပစေရန်နှင့် လေကောင်း လေသန့်များ ရရှိစေရန်ရည်ရွယ်၍ အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် မြို့နယ်သစ်တော်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်ကိုကိုဝင်းတို့က သစ်ပင် စိုက်ပျိုးကြမည့် ပျိုးပင်များကို ကျောင်းသား ကျောင်းသူ များအား အသီးသီးပေးအပ်ကြပြီးနောက် တက်ရောက်လာကြသူများက သတ်မှတ် နေရာများတွင် ကံ့ကော် (၁၀၀)၊ ကျွန်း(၃၀)၊ ယမနေ(၂၀)၊ ပျဉ်းကတိုး (၁၀)၊ ယင်းမာ (၁၀)၊ မန်ဂျန်ရှား (၁၀)၊ ခရေ (၂၀) စုစုပေါင်းပျိုးပင် (၂၀၀)ကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း(ပြန်/ဆက်)