ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး ဗလမင်းထင်တံတား အောက် သဲသောင်တူးလုပ်ငန်းအား ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး၊ သတ်မှတ်စည်းကမ်းချက်များ နှင့်အညီ စနစ်တကျ တူးဖော်နိုင်ရေး ကွင်းဆင်းစစ်ဆေး
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သည် နှစ်စဉ်မိုးရာသီတွင် ရေကြီးရေလျှံမှုဖြစ်ပွားမှုဒဏ်ကို ခံရလေ့ရှိသဖြင့် မြို့ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး အဓိကလုပ်ငန်းစီမံကိန်းများအနက် ရေလမ်း ကြောင်းကောင်းမွန်ရေးအတွက် မြစ်ကြောင်းရှင်းလင်းရေးလုပ်ငန်းစီမံကိန်းကို ဗလမင်းထင်တံတား အောက်ရှိ သဲသောင်တူးဖော်ရှင်းလင်းခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဖေဖော်ရီ ၃ ရက် ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ ကြသည်။