နိုင်ငံတော်သမ္မတ၏လမ်းညွှန်မှာကြားချက်များနှင့် ရက်ပေါင်း (၁၀၀)ကာလအတွင်း အကောင်အထည်ဖော်လျက်ရှိသည့် လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဧပြီ ၂၉

နိုင်ငံတော်သမ္မတ၏လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ရက်ပေါင်း ၁၀၀ ကာလအတွင်း ပြည်သူအကျိုးပြု Quick Win လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေက ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများနှင့် တွေဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားပြီး ရက်ပေါင်း (၁၀၀) ကာလအတွင်း အကောင် အထည်ဖော်ဆောင်ရွက်မည့် Quick Win လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးနှင့် စိုက်ပျိုးမွေးမြူရေး၊ မြေယာ၊ ဆည်မြောင်း/ တာတမံရေရှိရေး၊ စိမ့်စမ်းရေသွယ်ယူရေးနှင့် သမဝါယမ၊ စက်မှုလယ်ယာ၊ MSME လုပ်ငန်းများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစသည့် နိုင်ငံတော်၏ အရေးပါသော ကဏ္ဍများ တာဝန်ယူဆောင် ရွက်ရမည့်ဖြစ်သည့်အတွက် ပြည်နယ်ဦးစီးမှူးနှင့် တာဝန် ခံများအနေဖြင့် ပြည်သူများ၏ အချိန်ကိုက် လိုအပ်ချက်များအပေါ် ဖြည့်ဆည်းပေးနိုင်ရေး၊ လုပ်ငန်း များ ပိုမိုတိုးတက်အောင်မြင်စေရေး အားလုံးက ဝိုင်းဝန်းကြိုးစားကြရန်လိုကြောင်း တိုက်တွန်း မှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ပြည်နယ်ဦးစီးမှူးများနှင့် တာဝန်ခံအရာရှိများက သက်ဆိုင်ရာဦးစီးဌာနအလိုက် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းများအပေါ် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ထပ်ဆင့်တိုးမြှင့်လုပ်ဆောင်သွားမည့် ကဏ္ဍအလိုက် လုပ်ငန်းအစီအစဉ်များ၊ ရက်ပေါင်း (၁၀၀) စီမံကိန်းဖြင့်  အကောင်အထည်ဖော်လျက်ရှိသည့် Quick Win လုပ်ငန်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းကဏ္ဍအလိုက် တင်ပြချက်များနှင့် ကျေလက်ဒေသဖွံ့ဖြိုးရေး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးလုပ်ငန်းများအား တိုးမြှင့်လုပ်ဆောင်နိုင်ရေးနှင့် အထူးသဖြင့် စားဆီဖူလုံရေးနှင့် MSME ထုတ်ကုန်လုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်ဆောင်ရွက်နိုင်ရေး စသည့် ကိစ္စရပ်များအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် ညှိနှိုင်းပေါင်းစပ်၍ ဆွေးနွေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)