ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဗန်းမော်ခရိုင်အတွင်းရှိ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့သို့ ရောက်ရှိနေသော ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းသည် ခရိုင်အတွင်းရှိ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှ ခေါင်းဆောင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ယမန်နေ့ နံနက် ၈ နာရီခွဲက ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက်ရှိ မြသီတာ ဧည့်ရိပ်သာခန်းမတွင် တွေ့ဆုံဆွေးနွေးသည်။