ကချင်ပြည်နယ်

ဆွမ်ပရာဘွမ်မြို့၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြီး လူငယ် ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ ညနေ ၂ နာရီခွဲက အခြေခံပညာ အထက်တန်း(မြို့မ)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်

ကချင်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားသည်။

မံစီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (မန်စီ) ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (မန်စီ) ၏ ၂၀၂၂ - ၂၀၂၃ ခုနှစ်၊ မိဘဆရာအသင်းနှစ်ပတ်လည်နှင့်ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို အထက(မန်စီ) ဖုန်ကန်ဒူဝါခန်းမ၌ အောက်တိုဘာ ၃ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

တနိုင်းမြို့တွင် တန်ဖိုးသင့်စားသောက်ကုန်များ ဆက်လက်ရောင်းချပေး

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် တန်ဖိုးသင့်စားသောက်ကုန်များကို အောက်တိုဘာ ၃ ရက် နံနက် ၇ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

ဗန်းမော်မြို့ အထက(၁)တွင်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အောင်တံခွန်ခန်းမ၌ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အား ကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲ ကို အောက်တိုဘာ ၃ ရက် နံနက် ၉ နာရီ ခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက ဤဦးစီးဌာနအစည်းအ‌ဝေးခန်းမ၌ ကျင်းပသည်။

မြန်မာပြည်မြောက်ဖျား ပူတာအိုခရိုင် မချမ်းဘောမြို့နယ်မှ ဒေသတစ်ခုထွက်ကုန်တစ်ခုဖြစ်သည့် ဂရိတ်ဖရုသီးများ

မြန်မာပြည်မြောက်ဖျား၊ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်သည် တောတောင် သဘာဝရှုခင်းများ၊ အထင်ကရနေရာများနှင့် သဘာဝအစားအစာများ၊ ဆေးဖက်ဝင် သစ်သီးများပေါများလှပြီး ပူတာအိုဒေသ၏ပြယုဂ်ထဲတွင် တစ်ခုအပါအဝင်ဖြစ်သော ဆေးဖက်ဝင်သော လူကြိုက်များသော ဂရိတ်ဖရု သီးထွက်ရှိရာ ဒေသလည်းဖြစ်ပေသည်။

မချမ်းဘောမြို့နယ်၊နမ်းခမ်းကျေးရွာတွင် နိုင်ငံ့စီးပွါးမြင့်တင်ရေးရန်ပုံငွေဖြင့် ငါးမွေးမြူရေး ဆောင်ရွက်သော တောင်သူများအတွက် ငါးဖမ်းပိုက်များ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၊ နမ်ခမ်းကျေးရွာတွင် ဒေသခံငါးမွေးတောင်သူများ မွေးမြူထားသော ငါးများအလေအလွင့် မရှိဖမ်းယူနိုင်ရန်ရည်ရွယ်၍ ကချင်ပြည်နယ်အစိုးရအဖွဲမှထောက်ပံ့ သောငါးဖမ်းပိုက်များပေးအပ်ပွဲအခမ်းနားကို ယနေ့နံနက်၁၁ နာရီက နမ်ခမ်ကျေးရွာခန်းမ၌ ကင်းပခဲ့သည်။

ရွှေကူမြို့ အမှတ်(၂)အခြေခံညာအထက်တန်းကျောင်း၌  အားကစားဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း “ပညာ့ အားမာန်” ခန်းမ၌  ယနေ့ နံနက် ၁၀ နာရီခွဲခန့်က အားကစားဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်