ပူတာအို အောက်တိုဘာ ၃
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်း သဘာဝအခြေခံခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူပြုမည့် ပူတာအိုလွင်ပြင်ပတ်လမ်းကို နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်သမဝါ ယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဦးစီးဌာနတို့က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေ းနှစ်အတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင် ရွက်သည့် လုပ်ငန်းများကို အောက်တိုဘာ(၂)ရက် နံနက်ပိုင်းက ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာန ခရိုင်ဦးစီးမှူး ဦးဝင်းသန့်အောင်နှင့်တာဝန်ရှိသူများကကွင်းဆင်းစစ်ဆေးသည်။
ရှေးဦးစွာ ခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများသည် ပမ္မတီး-နမ်ရှယ်-မလိခေါမ်လမ်းတွင် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း(၃၆၄.၀၁၀)သန်းဖြင့် တစ်မိုင်လေးဖာလုံတွင် သဲကျောက်လမ်းခင်းခြင်းလုပ်ငန်းလုပ်ငန်းဆောင်ရွက်သည့်လုပ်ငန်းခွင် အတွင်း စက်ယန္တယားများဖြင့် မြေညှိခြင်းလုပ်ငန်းဆောင်ရွက်နေမှုကိုကွင်းဆင်းစစ်ဆေးပြီး ခရိုင်ဦးစီး မှူးက မလိခေါမ်ကျေးရွာသည် ဂရိဖရုသီးနှင့်အခြားသီးနှံများထွက်ရှိသည့် ကျေးရွာဖြစ်ကြောင်း၊ အဆို ပါလမ်းပိုင်းဆောင်ရွက်ပြီးစီးပါက ဒေသထွက်ကုန်များကို မြို့ပေါ်သို့ အချိန်တိုအတွင်းပို့ဆောင်နိုင်တော့မည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးနှင့်သတ် မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးတို့ကိုတာဝန်ရှိသူများအားတွေ့ဆုံဆွေးနွေးသည်။
ဆက်လက်၍ ခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများသည် ပူတာအိုလွင်ပြင်ပတ်လမ်းတွင် ၂၀၂၃- ၂၀၂၄ဘဏ္ဍာရေးနှစ်အတွင်း ပူတာအို-လယ်မယ်ဝါချီ-နမ်ရှယ်ကော့-မန်စေခွန်-မန်စေလမ်းပိုင်းတွင် ပြည်ထောင်စု/ပြည်နယ်ခွင့်ပြုရန်ပုံငွေများဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း(၆)မိုင်(၃)ဖာလုံကို လမ်းအပိုင်းအလိုက်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းခွင်သို့ရောက်ရှိပြီး ခရိုင်ဦးစီးမှူးက ပူတာအိုလွင်ပြင်ပတ်လမ်းသည် ပူတာအိုဒေသခရီးသွားလုပ်ငန်းများကိုအထောက်အကူပြုမည့် လမ်း ဖြစ်ပါကြောင်း၊သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးရေးတို့ကို တာဝန်ရှိသူများအားတွေ့ဆုံဆွေးနွေးသည်။
လွင်ပြင်ပတ်လမ်းသည် လမ်းအရှည်(၂၅)မိုင်အနက် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်သမဝါယမ နှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ကျေးလမ်းလမ်းဦးစီးဌာနတို့ကလမ်းအပိုင်းအလိုက် ကွန်ကရစ် ခင်း၊တံတားတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်အထိ လမ်းအရှည်(၁၇)မိုင်အား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ကြောင်းသိရသည်။
အဆိုပါလွင်ပြင်ပတ်လမ်းတွင် ကွန်ကရစ်လမ်းခင်းရန်ကျန်ရှိသည့် လမ်းအပိုင်းများအား ၂၀၂၃- ၂၀၂၄ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့်ပြည်နယ်ခွင့်ပြုရန်ပုံငွေများဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ် ငန်းပြီးစီးနိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ၎င်းကျန်ရှိသည့်လမ်းပိုင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးသွားပါက ပူတာအိုလွင်ပြင်ပတ်လမ်းပေါ်ရှိ ကျေးရွာ(၂၈)ရွာ အိမ်ခြေ(၂၀၅၆)အိမ်၊ လူ ဦးရေ(၁၁၉၄၁)ဦးအတွက် ပညာရေး၊ကျန်းမာရေး၊လမ်းပန်းဆက်သွယ်ရေးအတွက် များစွာအထောက် အကူပြုလာမည့်အပြင် ပူတာအိုဒေသ သဘာဝအခြေခံခရီးသွားလုပ်ငန်းအတွက်ပါ များစွာအထောက် အကူပြုလာမည်ဖြစ်ကြောင်းသိရသည်။
ဖုန်ကန်(ပူတာအို)