ကချင်ပြည်နယ်ဝန်ကြီးချုပ် အမျိုးသားသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်ပွဲနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့်ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းနေပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်း (၂၀)မှ အိမ်ထောင်စုများ အား ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောက်လုပ်ပေးခဲ့သော ငွေပျော်စံပြကျေးရွာ၌ ရွှေ့ပြောင်း နေထိုင်ကြသည့် အိမ်ထောင်စုများအား မေ ၈ ရက် ညနေ ၃ နာရီခွဲက ကျေးရွာခန်းမ၌ သွားရောက် တွေ့ဆုံအားပေးထောက်ပံ့ကြသည်။