ကချင်ပြည်နယ်

ပူတာအိုမြို့၌ သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ ဒေသထွက် သီးနှံများဖြစ်သည့် ဂရိတ်ဖရုသီး၊ ကျောက်ဖရုံသီး၊ သ‌င်္ဘောသီး၊ ဘုရင်သီး၊ မနီလာသီးစသည်တို့အား ကျန်းမာ‌ ရေးနှင့်ညီညွတ်သော တန်ဖိုးမြှင့်စားသောက်ကုန်များ ထွက်ပေါ်လာစေရန်အတွက် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို မေ(၁၃)ရက် နံနက်(၁၀)နာရီက ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက် နယ်မြေ(၃) အေဂျီအသင်းတော် ဆန်းဒေးစကူးလ်ခန်းမဆောင်၌ ကျင်းပသည်။

ဟိုပင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြပွဲ၊ ပြိုင်ပွဲများ ဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မေလ ၁၃ ရက် နံနက် ၁၀ နာရီက ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တွေ့ဆုံ၍ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတည်ငြိမ်အေးချမ်း‌ရေးနှင့် စားရေရိက္ခာ ဖူလုံရေးတို့အတွက် ညှိနှိုင်းဆွေးနွေးမှာကြား

ကချင်ပြည်နယ်အတွင်း ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း စားရေရိက္ခာဖူလုံရေးနှင့် အခြေခံပညာကျောင်းများ အေးချမ်းတည်ငြိမ်စွာ ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ ညနေ ၄ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ မြေလွတ်မြေရိုင်းများအတွင်း ဌာနဆိုင်ရာအသင်းအဖွဲ့များအတွက် လျာထားမြေနေရာသတ်မှတ်ချထားပေးမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများအတွက် လိုအပ်ချက် ဖြစ်ပေါ်နေသည့် မြေနေရာများချထားပေးနိုင်ရေး စီမံဆောင်ရွက်ခဲ့ရာ မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ မြေလွတ်/မြေရိုင်း (၄၈၀)ဧကပေါ်တွင် အား/ကာသိပ္ပံမြေနေရာ အပါအဝင် ကွန်ပျူတာတက္ကသိုလ်မြေနေရာနှင့် ဌာနဆိုင်ရာအသင်းအဖွဲ့အတွက် သတ်မှတ်လျာထားသည့် မြေနေရာများအား ယမန်နေ့ နံနက် ၈ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

မချမ်းဘောမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ဒေသခံပြည်သူများ၊ စာဖတ်ပရိတ်သတ်များ အသိပညာဗဟုသုတရရှိရန်နှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာဗဟုသုတများကို မျှဝေနိုင်စေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို မေလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီက ပြသခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့၌ သက်ကြီးရွယ်အို အဘိုး၊ အဘွားများ သွားတု(အံကပ်) အခမဲ့တပ်ဆင်ပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် သက်ကြီးရွယ်အို အဘိုးအဘွားများအား သွားတု(အံကပ်)များ အခမဲ့တပ်ဆင်ပေးခြင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီမှစတင်၍ စိမ်းလဲ့ရတနာခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တနိုင်းမြို့နယ်တွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းဥပဓိရုပ်များ ကောင်းမွန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းဥပဓိရုပ်များ ကောင်းမွန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ (၁၀) ရက်နေ့ မွန်းလွဲ (၁)နာရီက မြို့နယ်‌အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ် ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းကျင်းပ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီခွဲတွင် မြစ်ကြီးနားမြို့ ပြည်သူ့ အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာအခမ်းအနားသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဝန်ထမ်းအဖွဲ့အစည်းများမှ (၅၈၀) ဦး တက်ရောက်ကြသည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပ စိမ်းလန်းစိုပြည်စေရေး လုပ်ငန်းစီမံကိန်းများတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်ကြရေးလုပ်ငန်းညှိနှိုင်း ဆွေးနွေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏မြို့တော်မြစ်ကြီးနားမြို့အား သန့်ရှင်းသာယာ လှပပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ပန်းမြို့တော်အဖြစ်အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်‌ဆောင်သည် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းစီမံကိန်းများတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို မေ ၉ ရက် မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မနော‌ရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရွှေကူမြို့ လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များပြသ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ယမန်နေ့ နေ့လယ်ပိုင်းမှ စ၍ ခင်းကျင်းပြသထားကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်