ရွှေကူ မေ ၁၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ယမန်နေ့ နေ့လယ်ပိုင်းမှ စ၍ ခင်းကျင်းပြသထားကြောင်း သိရသည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူများ အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်စေရန် ဗဟုသုတသိုမှီးရာ ပညာဘဏ်တိုက်စာကြည့်တိုက်ရှိ စာကြည့်တိုက် လုပ်ငန်းများကို စနစ်တကျဆောင်ရွက်လျက် စာချစ်သူစာဖတ်ပရိသတ်များ ဖတ်ရှုလေ့လာလိုသည့် စာအုပ်စာစောင်များကို စနစ်တကျငှားရမ်းပေးလျက်ရှိပြီး ပြည်သူ့စာကြည့်တိုက်သို့ စာပေလေ့လာ ရန် လာရောက်ကြသည့် စာဖတ်ပရိတ်သတ်များအနေဖြင့် ရာသီသုံးပါးလုံးတွင် ဖြစ်တတ်သည့် သဘာဝဘေးအန္တရာယ်များအကြောင်းကို သိရှိစေပြီး ကြိုတင်ကာကွယ် ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်များဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသ ဆောင်ရွက်ခဲ့သည်။
အဆိုပါ နံရံကပ်စာစောင်ပြပွဲကို မေလ ၁၅ ရက်နေ့အထိ ခင်းကျင်းပြသထားမည်ဖြစ်ကြောင်းနှင့် နွေရာသီကာလ အပူဒဏ်ကာကွယ်ရေး အသိပညာပေးအကြောင်းအရာများ၊ မီးဘေးအန္တရာယ်၊ ရေဘေးအန္တရာယ်၊ မုန်တိုင်းဘေးအန္တရာယ်၊ မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ဘေးအန္တရာယ်ကျရောက်စဉ်နှင့် ဘေးအန္တရာယ် ကျရောက်ပြီးပါက ဆောင်ရွက်ရမည့် အချက်များကို ခင်းကျင်းပြသထားခြင်းကြောင့် အသိပညာဗဟုသုတရရှိစေရန် လာရောက် လေ့လာနိုင်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)