ပူတာအိုမြို့၌ သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်

ပူတာအို မေ ၁၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ ဒေသထွက် သီးနှံများဖြစ်သည့် ဂရိတ်ဖရုသီး၊ ကျောက်ဖရုံသီး၊ သ‌င်္ဘောသီး၊ ဘုရင်သီး၊ မနီလာသီးစသည်တို့အား ကျန်းမာ‌ ရေးနှင့်ညီညွတ်သော တန်ဖိုးမြှင့်စားသောက်ကုန်များ ထွက်ပေါ်လာစေရန်အတွက် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို မေ(၁၃)ရက် နံနက်(၁၀)နာရီက ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက် နယ်မြေ(၃) အေဂျီအသင်းတော် ဆန်းဒေးစကူးလ်ခန်းမဆောင်၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ခိုင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာန ခရိုင်ဦးစီးမှူးကိုယ်စား ဦးစီးမှူးဦးသန်းနိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာန ဒုတိယဦးစီးမှူး ဦးခေါ်ဒုဒီးဆားရ်က သင်တန်းသုံးကုန်ကြမ်းပစ္စည်းများကို သင်တန်းသူတစ်ဦးထံ ပေးအပ်ပြီး အခမ်းအနား တက်ရောက်လာသူများက သင်တန်းသူများနှင့် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကာ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက သင်တန်းတွင် အသုံးပြုမည့် ကုန်ကြမ်းပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါသင်တန်းတွင် သင်တန်းသူစုစုပေါင်း(၂၀)ဦးတို့အား ကျောက်ဖရုံယိုပြုလုပ်နည်း၊ ဂရိတ်ဖရု (ယို၊ ဝိုင်၊ ဖျော်ရည်) ပြုလုပ်နည်း၊ သ‌င်္ဘောသီးယို (အချို၊ အစပ်) ပြုလုပ်နည်း၊ အာလူးကြော်နည်း၊ မနီလာသီး (ယို၊ ဝိုင်) ပြုလုပ်နည်း၊ ဘုရင်သီး (ယို၊ ဝိုင်) ပြုလုပ်နည်းများကို ခရိုင်အသေးစား စက်မှုလက်မှူလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြများက မေလ(၁၃)ရက်နေ့မှ (၁၇)ရက်နေ့အထိ သင်တန်းကာလငါးရက်ကြာ စာတွေ့(၃၀)ရာခိုင်နှုန်း လက်တွေ့(၇၀)ရာခိုင်နှုန်း သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)