တနိုင်းမြို့နယ်တွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းဥပဓိရုပ်များ ကောင်းမွန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တနိုင်း မေ ၁၁

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းဥပဓိရုပ်များ ကောင်းမွန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ (၁၀) ရက်နေ့ မွန်းလွဲ (၁)နာရီက မြို့နယ်‌အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမှ အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးအင်ဂျီးဂရောင်က ကျောင်းများ ဖွင့်လှစ်နိုင်ရေး၊ ကျောင်းဥပဓိရုပ်များကောင်းမွန်ရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ပြီး အစည်းအဝေးသို့တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများမှလည်း မိမိတို့ကျေးရွာ၊ ရပ်ကွက်၏ ကျောင်းများဖွင့်လှစ်နိုင်ရေးကိစ္စများအား  အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိသည်။

နေလင်းထူး (ပြန်/ဆက်)