ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားလေဆိပ်နှင့် ကမ်းနားလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်၊ လောကမာန်အောင်ဆုတောင်းပြည့်စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ် လှူပူဇော်ခြင်း ကုသိုလ်ဒါနအလှူတော်မင်္ဂလာ ရေစက်ချအခမ်းအနားသို့ တက်ရောက်
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့ပြများအား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပ ပြီး စိမ်းလန်းစိုပြေလာစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ မတ် ၉ ရက် နံနက် ၇ နာရီက ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။