နောင်မွန်းမြို့နယ်၌ နွေရာသီအခြေခံဘောလုံးသင်တန်းဖွင့်လှစ်
ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် နည်းစနစ်ကျကျ ကစားနိုင်သော အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်နှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အားကစားနှင့်ကာပညာဦးစီးဌာနက ကြီးမှူးကျင်းပသော နွေရာသီအခြေခံဘောလုံးသင်တန်းကို မြို့နယ်ပြည်သူ့အားကစားကွင်း၌ ဖွင့်လှစ် သင်ကြားခဲ့ကြောင်း သိရသည်။