ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဆောင်းရာသီ ပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေး
နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ဆောင်းရာသီ ပါမောက္ခချုပ်ဖလားဘောလုံး၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်ရိုက်နှင့် စားပွဲတင် တင်းနစ်အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂) နာရီက အဆိုပါတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။