နေပြည်တော်ကောင်စီနယ်မြေ

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တပ်ကုန်းမြို့နယ်၊ ညောင်ပင်သာကျေးရွာနှင့် ရှားတောကျေးရွာချင်းဆက်လမ်း Submersible Bridge အရှည် ၁၈၀ ပေ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်၊ ညောင်ပင်သာ-ရှားတောကျေးရွာချင်း ဆက်လမ်း Submersible Bridge ၁၈၀ ပေ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတံတားမုခ်ဦးတွင် ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ရွှေဟင်္သာ ကျောင်းတိုက်တွင် နေပြည်တော်ကောင်စီမှကြီးမှူးကျင်းပသော မြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာ ပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဥတ္တရသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်သာသနာရေးမှူးရုံးမှ ဝန်ထမ်းများ၊ အလှူရှင်များ တက်‌ရောက်ကြသည်။

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးနှင့် ဦးခင်မောင်လတ် ဒက္ခိဏသီရိမြို့နယ်၌ ကျင်းပသည့် အသံမစဲမဟာပဌာန်းရွတ်ဖတ် ပူဇော်ပွဲတက်ရောက်ကြည်ညို

၂၀၂၅ ခုနှစ်၊ နေပြည်တော်ကောင်စီမှကြီးမှူးကျင်းပသော မြို့နယ်လုံးဆိုင်ရာအသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက်နေ့က နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဒိုးနွယ်ကျေးရွာအုပ်စုအတွင်းရှိ သဒ္ဓမ္မဝေပုလ္လပရိယတ္တိစာသင်တိုက်တွင်ကျင်းပရာ အခမ်းအနားသို့ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ကျီးသဲလေးထပ်ကျောင်း ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒာဝရနှင့်သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်ဆရာလေးများ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်သာသနာရေးမှူး ဦးအောင်ကျော်မင်း၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်သည်။

ဒက္ခိဏသီရိမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပြည်သူများ လာရောက်မဲပေးလျက်ရှိ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီအချိန်မှစ၍ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပျဉ်းမနားမြို့နယ်၌ မဲဆန္ဒရှင် ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် မဲဆန္ဒရှင် ပြည်သူများက ဒီဇင်ဘာ ၂၈ ရက် နံနက် ၆ နာရီမှကစတင်၍ လွတ်လပ်စွာ  ဆန္ဒမဲပေး လျက်ရှိသည်။

ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရာ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေး

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)တွင်ပါဝင်သည့် မြန်မာနိုင်ငံတစ်ဝန်းရှိမြို့နယ် ၁၀၂ မြို့နယ်၌ ယနေ့နံနက် ၆ နာရီမှစ၍ ရွေးကောက်ပွဲများ ကျင်းပလျက်ရှိရာ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊‌ ကျေးရွာများ၌လည်း စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရာ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများ စနစ်တကျ ဆန္ဒမဲပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊‌ ကျေးရွာများတွင် ယနေ့နံနက်ပိုင်းက စတင်ကျင်းပလျက်ရှိသည်။

တပ်ကုန်းမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ရပ်ကွက်၊ ကျေးရွာများတွင် မဲဆန္ဒရှင် ပြည်သူများက ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက စတင်၍ လွတ်လပ်စွာ ဆန္ဒမဲပေးလျက်ရှိသည်။

လယ်ဝေးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရာ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျဆန္ဒမဲပေးလျက်ရှိ

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါဝင်သည့် မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ် ၁၀၂ မြို့နယ်၌ ယနေ့နံနက် ၆ နာရီမှစ၍ ရွေးကောက်ပွဲများ ကျင်းပလျက်ရှိရာ လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊‌ ကျေးရွာများ၌လည်း စတင်ကျင်းပလျက်ရှိသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတိုးဝင်းတို့သည် တပ်ကုန်းမြို့နယ်သန့်ရှင်းရေးဆောင်ရွက်မှု၊ ကျေးရွာစာကြည့်တိုက် တည်ဆောက်ရေး ရန်ပုံငွေပေးအပ်ပွဲတက်ရောက်၊ မဲရုံများ ပြင်ဆင်ထားရှိမှုများအား ကြည့်ရှု

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီအတွင်း ရေးမှူး ဦးတိုးဝင်းတို့သည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့်တာဝန်ရှိသူများ၊ တပ်ကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဗျိုင်းအင်းကျေးရွာအဝင်လမ်း သန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြပ်မတ်စစ်ဆေးခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ရပ်/ရွာ သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးအတွက် အမြဲမပြတ်ဆောင်ရွက်ရေး၊ အမှိုက်အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်သည့် အလေ့အထဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရေး ရှင်းလင်းမှာကြားခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ