တပ်ကုန်းမြို့နယ် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးဟောပြောပွဲနှင့် ပိုးလောက်လမ်းနှိမ်နင်းရေး လုပ်ငန်းဆောင်ရွက်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ရှင်းလင်းပြောကြားခြင်းနှင့် ပိုးလောက်လမ်းနှိမ်နင်းရေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဗိုလ်မင်းရောင်ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။