တပ်ကုန်း ဩဂုတ် ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် အလည်ကျွန်းကျေးရွာအုပ်စု၊ အလည်ကျွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြော ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်း စာသင်ဆောင်တွင် ကျင်းပခဲ့သည်။
အဆိုပါကျောင်းကျန်းမာရေးဟောပြောပွဲတွင် အလည်ကျွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်အေးက ကျန်းမာရေးအသိပညာပေးဟောပြောရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြောက်မြိုက်ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးတင့်နိုင်ဦးက အစာအုပ်စု သုံးအုပ်စုမျှတအောင် စားသုံးရေးအကြောင်း ဟောပြောခဲ့သည်။
ထို့နောက် ကျန်းမာရေးမှူး ဦးတင့်နိုင်ဦးနှင့် ကျန်းမာရေးဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများကို သွားနှင့်ခံတွင်းများသန့်ရှင်းရေး၊ကျောင်းမုန့်ဈေးဆိုင်များအား ကြည့်ရှုစစ်ဆေးပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်