တပ်ကုန်းမြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

တပ်ကုန်း ဩဂုတ် ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဦးစွာ တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနနှင့် ကမ္ဘောဒီးယားနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဗီဒီယိုကလစ်(Vidoe Clip)ပြသခဲ့ပြီးနောက် တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြသန္တာလွင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် မင်းမင်းလှိုင်တို့က ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအကြောင်းအရာများ ရှင်းလင်းဟောပြောခဲ့ကြောင်း၊ ကျန်ရပ်ကွက်၊ ကျေးရွာများနှင့် အခြေခံပညာကျောင်းများတွင် ဆက်လက်၍ အသိပညာပေးဟောပြောမည်ဖြစ်ကြောင်း  သိရသည်။

တင်စိုးလွင်