တပ်ကုန်း ဩဂုတ် ၂၀
ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လမ်းညွှန်မှုဖြင့် တပ်ကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် မြန်မာ့အီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ဩဂုတ် ၂၀ ရက် နံနက်ပိုင်းက ဒရောက်ကူးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင့်လွင်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်ဝင်းနှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများတက်ရောက်ပြီး၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင့်လွင် အောင်နှင့် ဒေါ်ဇာခြည်ဝင်းတို့က မဲပေးစက်နှင့်မဲပေးပုံအဆင့်ဆင့်များကို ရှင်းလင်းပြောကြားကာ မဲပေးစက်နှစ်လုံးဖြင့် လက်တွေ့သရုပ်ပြမဲပေးခဲ့ပြီးနောက် တက်ရောက်လာသည့် ပြည်သူများအား မဲပေးစက်အသုံးပြုကာ လက်တွေ့စမ်းသပ်မဲပေးခြင်းများ သင်ကြားပေးခဲ့ကြောင်း သိရ သည်။
တင်စိုးလွင်