ဇေယျာသီရိမြို့နယ်၌ လူငယ်နှင့်စာဖတ်ခြင်း အသိပညာပေးဟောပြောပွဲ ကျင်းပ

ဇေယျာသီရိ ဩဂုတ် ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်နှင့်စာဖတ်ခြင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက  ရေဆင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြစန်းရီက လူငယ်နှင့် စာဖတ်ခြင်းခေါင်းစဉ်ဖြင့် အသိပညာဗဟုသုတနှင့်ပြည့်စုံသည့် လူငယ်များဖြစ်ရန် စာကိုများများဖတ်ဖို့လိုကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းစာအပြင် စာပေကိုခင်တွယ်တန်ဖိုးထားလေ့လာဖတ်ရှုနေမှသာ ဘက်စုံဖွံ့ဖြိုးပြီး အရည်အချင်းရှိတဲ့ လူငယ်မောင်မယ်များ ဖြစ်လာမှဖြစ်ကြောင်း၊ လူငယ်များဟာအနာဂတ်တိုင်း ပြည်အတွက် အဓိကအရေးပါတာကြောင့် အဘက်ဘက်မှအသိပညာဗဟုသုတများပြည့်စုံအောင် အချိန်ရတိုင်း စာပေများကို လေ့လာလိုက်စားဖတ်ရှုနေရမည်ဖြစ်ကြောင်း၊ စာဖတ်ရာတွင်လည်း စာဖတ်သက် သက်မဟုတ်ပဲ ဖတ်သမျှမှတ်၊ မှတ်သမျှကိုပြန်လည်မျှဝေနိုင်လျှင်အကျိူးရှိကြောင်း ထို့ကြောင့် လူငယ်များအနေဖြင့် စာပေကိုခင်တွယ်တန်ဖိုးထား လေ့လာမှတ်သားဖတ်ရှုနေရမည်ဖြစ်ကြောင်း ဟောပြောခဲ့သည်။

အခမ်းအနားအပြီးတွင် ‌တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)