နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း မိုးသီးနှံလျာထားဧက ပြည့်မီရေး၊ တစ်နှစ် သုံးသီးစား စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ မိုးသီးနှံလျာထားဧကပြည့်မီရေး၊ တစ်နှစ် သုံးသီးစားစိုက်ပျိုးနိုင်ရေး ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။