တပ်ကုန်း စက်တင်ဘာ ၅
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတို့တွင် စစ်ဆင်ရေးတာဝန်ထမ်းဆောင်ပြီး ပြန်လည်ထွက်ခွာလာသော ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ခမရ (၁၀၉) ရှေ့တန်းပြန်တပ်မတော်သားများကို ယနေ့မွန်းလွဲပိုင်းက သောင်းသောင်းဖြဖြဆိုကြိုခဲ့သည်။
အဆိုပါရှေ့တန်းပြန်တပ်မတော်သားများကို နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ တပ်ကုန်းတပ်နယ်မှူးနှင့် စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများ၊ ခမရ (၁၀၉) မှ အရာရှိ၊ အရာခံ၊ စစ်သည်၊ မိသားစုဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးဝင်းထွဋ်အောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့မ ခြောက်ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးများနှင့်ရပ်ကွက်ပြည်သူများ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းဆိုကြိုသူဦးရေ ၉၀၀ ကျော်တို့က အောင်သပြေပန်း၊ အောင်စံပယ်ပန်းကုံး၊ အောင်ငွေပန်းကုံးနှင့် အောင်ပွဲဆင် ဘောက်စက်ကြီးများ၊ အိုးစည်၊ ဒိုးပတ်များဖြင့် ကြိုဆိုခဲ့ကြောင်း သိရသည်။
တင်စိုးလွင်