ဥတ္တရသီရိမြို့နယ် အမြန်လမ်းသရက်ဇုံမှ ခြံတာဝန်ခံများအား ကော်ဖီသီးနှံစိုက်ပျိုးနိုင်ရေး အသိပညာပေးဆွေနွေး

ဥတ္တရသီရိ စက်တင်ဘာ ၆

ပြည်‌ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် အမြန်လမ်းသရက်ဇုံမှ ခြံတာဝန်ခံများအား ကော်ဖီသီးနှံများစိုက်ပျိုးနိုင်ရေး အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မောင်း‌ရမ်းကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ ဆောင်ရွက်ခဲ့သည်။

ဆွေးနွေးပွဲတွင် နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကျော်ကျော်ဦး၊ ဒုတိယတိုင်းဦးစီးမှူး ဦးစိုးနိုင်၊ နေပြည်တော် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးတင်အောင်ဝင်း၊ ဥယျာဉ်ဇီဝဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးထိုက်ကြွယ်၊ ကော်ဖီရာသီ‌ဌာန (ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောဝင်းနောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်၊ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ဦးပြည့်ဖြိုးဇော်တို့က ဥတ္တရသီရိမြို့နယ် အမြန်လမ်းသရက်ဇုံမှ ခြံတာဝန်ခံများအား နှစ်ရှည်ပင်များအဖြစ် သရက်ပင်များကို အဓိကထားစိုက်ပျိုးထားသူများဖြစ်သဖြင့် ဒေသရေမြေရာသီဥတု နှင့်ကိုက်ညီဖြစ်ထွန်းသော မျိုးကောင်းမျိုးသန့် (Robusta Coffee) ရိုဘတ်စတာကော်ဖီသီးနှံကိုတိုးချဲ့စိုက်ပျိုးရန်၊ တောင်သူများ ဝင်ငွေတိုးလာစေရေးနှင့် လူနေမှုဘဝမြင့်မားလာစေရန်၊ ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေရန်၊ နှစ်ရှည်သီးနှံ သရက်ပင်တန်းကြားတွင် ကော်ဖီပင်ထည့်သွင်း စိုက်ပျိုးခြင်းဖြင့် မြေတစ်ယူနစ်အသုံးချမှုတိုးတတ်လာစေရန်၊ မြန်မာ့ကော်ဖီကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရန် စသည့်ရည်ရွယ်ချက်ဖြင့် ကော်ဖီပင်များတိုးချဲ့စိုက်ပျိုးရန် နည်းပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)