ပုဗ္ဗသီရိ စက်တင်ဘာ ၆
(၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇေယျာသီရိခရိုင်ရဲတပ်ဖွဲ့မှ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို စက်တင်ဘာ ၆ ရက်နေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ ကုတင် (၅၀) ဆံ့ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဇေယျာသီရိခရိုင်ရဲတပ်ဖွဲ့မှ ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မင်းနိုင်၊ ပုဗ္ဗသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးရန်နိုင်နှင့် ရဲတပ်ဖွဲ့ဝင်အင်အား (၅၅) ဦးတို့က ဆေးရုံဝန်း အတွင်းအပြင်ရှိ သစ်ပင်သစ်ကိုင်းနှင့် ချုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များရှင်းလင်းခြင်းနှင့် ဆေးရုံသန့်ရှင်းသာယာလှပေးရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)