တပ်ကုန်း စက်တင်ဘာ ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ကံလှကျေးရွာအုပ်စု၊ ကံလှကျေးရွာတွင် Myanmar Electronic Voting Machine မဲပေးစက်အသုံးပြုခြင်းနှင့် မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းကို စက်တင်ဘာ ၅ ရက် မွန်းလွဲ ၁ နာရီခွဲက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါအသိပညာပေးရာသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင့်လွင်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်ဝင်းနှင့်ဝန်ထမ်းများ၊ ကံလှကျေးရွာအုပ်စု၊ ရွှေမြို့ကျေးရွာအုပ်စု၊ သပြေချောင်းကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများနှင့်ကျေးရွာအုပ်စုများအတွင်းမှ ဒေသခံပြည်သူ စုစုပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့ပြီး ဦးတင့်လွင်အောင်နှင့် ဒေါ်ဇာခြည်ဝင်းတို့က မဲပေးစက်နှင့်မဲပေးပုံအဆင့်ဆင့်အား ရှင်းလင်းပြောကြားကာ မဲပေးစက်နှစ်လုံးဖြင့် တက်ရောက်လာသည့်ပြည်သူများ လက်တွေ့ စမ်းသပ်မဲပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်