နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတိုးဝင်းတို့သည် တပ်ကုန်းမြို့နယ်သန့်ရှင်းရေးဆောင်ရွက်မှု၊ ကျေးရွာစာကြည့်တိုက် တည်ဆောက်ရေး ရန်ပုံငွေပေးအပ်ပွဲတက်ရောက်၊ မဲရုံများ ပြင်ဆင်ထားရှိမှုများအား ကြည့်ရှု
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီအတွင်း ရေးမှူး ဦးတိုးဝင်းတို့သည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့်တာဝန်ရှိသူများ၊ တပ်ကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဗျိုင်းအင်းကျေးရွာအဝင်လမ်း သန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြပ်မတ်စစ်ဆေးခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ရပ်/ရွာ သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးအတွက် အမြဲမပြတ်ဆောင်ရွက်ရေး၊ အမှိုက်အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်သည့် အလေ့အထဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရေး ရှင်းလင်းမှာကြားခဲ့သည်။