ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(အောင်သုခ)၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ စာဖတ်ဝိုင်းများနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်ပြီး စာဖတ်သည့် အလေ့အထများရရှိစေရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများရရှိပြီး ဗလငါးတန်နှင့် ပြည့်စုံစေရန် အတွက် ရည်ရွယ်ကာ ဒက္ခိဏခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ သည် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းများကို ယနေ့နံနက် ၉ နာရီက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(အောင်သုခ)၌ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။