တပ်ကုန်း ဒီဇင်ဘာ ၂၈
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီအတွင်း ရေးမှူး ဦးတိုးဝင်းတို့သည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့်တာဝန်ရှိသူများ၊ တပ်ကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဗျိုင်းအင်းကျေးရွာအဝင်လမ်း သန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြပ်မတ်စစ်ဆေးခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ရပ်/ရွာ သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးအတွက် အမြဲမပြတ်ဆောင်ရွက်ရေး၊ အမှိုက်အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်သည့် အလေ့အထဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရေး ရှင်းလင်းမှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်ကောင်စီအတွင်းရေးမှူးတို့သည် နေပြည်တော်တိုင်း၊ ခရိုင်နှင့်မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်အတူ ဗျိုင်းအင်းကျေးရွာ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ(KC)ခန်းမသို့ ရောက်ရှိ၍ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက တပ်ကုန်းမြို့နယ်ဒေသခံပြည်သူစုပေါင်းအားဖြင့် ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးခဲ့သည့် မြို့နယ်လုံးဆိုင်ရာဗိမာန်တော်ကြီးပြန်လည်တည်ဆောက်လျက်ရှိကြောင်း၊ ဗျိုင်းအင်းကျေးရွာတွင် စာပေဗဟုသုတများမိုပိုဖွံ့ဖြိုးလာအောင် ကျေးရွာတွင် လိုအပ်သော စာကြည့်တိုက်တစ်ခု ဖွင့်လှစ်တည်ဆောက်ရေးအတွက် စာကြည့်တိုက်ဆောက်လုပ်ရေး ရန်ပုံငွေများကို စာကြည့်တိုက်ဖြစ်မြောက် ရေးကော်မတီသို့ လွှဲပြောင်းပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ကျေးရွာစာကြည့်တိုက်တည်ဆောက်ရေးအတွက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ ရန်ပုံငွေကျပ်သိန်း ၁၅၀ ကို ကျေးရွာ စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌထံ လွှဲပြောင်း ပေးအပ်၍လည်းကောင်း၊ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင် ရွက်မှုကော်မတီဒုဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီအတွင်းရေး မှူး ဦးတိုးဝင်းတို့က စာကြည့်တိုက်အတွက် သုတရသစာအုင်၊ စာစောင်များအား စာကြည့်တိုက် မှူးထံ ပေးအပ်လှူဒါန်း ခဲ့ပြီး၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ အုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်ကိုလတ် က ကျေးရွာပြည်သူလူထု(ကိုယ်စား)ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက်နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်ကောင်စီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ဗျိုင်းအင်းကျေးရွာတွင် ဆောက်လုပ်နေသည့် “အနာဂတ်ရောင်ခြည်” စာကြည့်တိုက်သစ်အား ကြည့်ရှုခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတိုးဝင်းတို့သည် တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ရက်နေ့ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာမဲပေးနိုင်ရေးဆောင်ရွက်ထားသည့် ဗျိုင်းအင်းကျေးရွာ၊ အောင်ဇေယျရပ်ကွက်နှင့်သပြေချောင်းကျေးရွာတို့မှ မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်အဖွဲ့ဝင်များ၊ လုံခြုံရေးအဖွဲ့ဝင်များအားတွေ့ဆုံ၍ မဲရုံများပြင်ဆင်ထားရှိမှု၊ လျှပ်စစ်မီးသွယ်တန်းထားရှိမှု၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ထားရှိမှု၊ လုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုခဲ့ပြီး. လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတိုးဝင်း၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့်တာဝန်ရှိသူများ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်၊ သုခဝတီပြည်သူ့အငှားအိမ်ရာ၊ “သုခအလင်း” စာကြည့်တိုက်ဆောက်လုပ်နိုင်ရေးအတွက် သုခဝတီ (Community Centre)သို့ ရောက်ရှိ၍ နေပြည်တော် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားပြီးနောက် “သုခအလင်း” စာကြည့်တိုက်အဆောက် အဦသစ်ဆောက်လုပ်ရေး မတည်ရန်ပုံငွေ သိန်း ၁၅ဝ လွှဲပြောင်းပေး အပ်၍လည်းကောင်း၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတိုးဝင်း၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်တို့က သုတရသစာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့ပြီး စာကြည့်တိုက်ဖြစ်မြောက်ရေးကော်မတီအတွင်းရေးမှူးနှင့်တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။ ထို့နောက်နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဒုဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက စာကြည့်တိုက်အဆောက်အဦသစ်ဆောက်လုပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍စာကြည့်တိုက် အဆောက်အဦရေရှည်တည်တံ့ခိုင်မြဲရေး၊ စာကြည့်တိုက်ကော်မတီဝင်များ စနစ်တကျဖွဲ့စည်းရေး၊ စာအုပ်၊စာစောင်များတိုးပွားရေး၊ ပြည်သူများ စာပေဗဟုသုတများဖွံ့ဖြိုးလာရေး ဝိုင်းဝန်းဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စု၊ ကျောက်ဖျာကျေးရွာတွင် စာကြည့်တိုက်အဆောက်အဦသစ်ဆောက်လုပ်ရေး မတည်ရန်ပုံငွေ သိန်း ၁၅ဝ အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ဇော်ဟိန်း က လွှဲပြောင်းပေးအပ်ခဲ့ရာ ကျောက်ဖျာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသန်းထိုက်နှင့်တာဝန်ရှိ သူများက လက်ခံယူခဲ့ကြောင်းနှင့် ယနေ့ စာကြည့်တိုက် သုံးတိုက်ဆောက်လုပ်ရေးအတွက် မတည်ရန်ပုံငွေများကို မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ သိန်း ၄၅၀ အားလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်