တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲများကျင်းပ

နေပြည်တော်   ဒီဇင်ဘာ   ၂၇

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး အမျိုးသားအားကစားစိတ်ဓာတ်အပြည့်အဝဖြင့် ပြည်သူလူထု တစ်ရပ်လုံး ပါဝင်ဆင်နွှဲစေရေး ရည်ရွယ်၍ ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးအသီးရှိ မြို့နယ်များတွင် ကျင်းပလျက်ရှိပါသည်။

အဆိုပါ ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဦးဆောင်၍ ယနေ့နံနက် ငါးနာရီခွဲအချိန်မှစ၍ သတ်မှတ်ထားသည့် စုရပ်များမှစတင်၍ လမ်းလျှောက်ပွဲများကို ကျင်းပခဲ့ကြသည်။ လူထုလမ်းလျှောက်ပွဲများကို ပန်းတောင်း၊ ပြည်၊ တာချီလိတ်၊ မအူပင်၊ ကျောက်တံတား၊ သာယာဝတီ၊ ထန်းတပင်၊ ကျိုက်လတ်၊ ရွှေပြည်သာ၊ တွံတေး၊ သာစည်၊ ပုစွန်တောင်၊ ဒလ၊ မိုင်းယန်း၊ မြောက်ဥက္ကလာပ၊ လမ်းမတော်၊ ကျေးသီး၊ ဓနုဖြူ၊ ရွှေကျင်၊ ပန်းဘဲတန်း၊ အလုံ၊ ရန်ကင်း၊ ဝါးခယ်မ၊ သံဖြူဇရပ်၊ မိုင်းပျဉ်း၊ မိုင်းပန်၊ မော်လမြိုင်ကျွန်း၊ ဆိပ်ကြီးခနောင်တို၊ သထုံ၊ ကျိုထို၊ မိုးညို၊ ရပ်စောက်၊ ကျောက်တန်း၊ မက်မန်း၊ ဆီဆိုင်၊ ကဝ၊ သဲကုန်း၊ ပေါက်ခေါင်း၊ ကွန်ဟိန်း၊ လပွတ္တာ၊ ချမ်းအေးသာစံ၊ ကော့မှူး၊ မောက်မယ်၊ ရွှေတောင်၊ မော်လိုက်၊ သီပေါ၊ မိုင်းခတ်၊ မိုင်းယောင်း၊ ညောင်လေးပင်၊ မိုင်းရှူး၊ မြိတ်၊ အိမ်မဲ၊ ကန့်ဘလူ၊ ဇလွန်၊ နတ်မောက်၊ ပျော်ဘွယ်၊ လှိုင်းဘွဲ၊ ကွမ်းခြံကုန်း၊ လှိုင်သာယာ(အရှေ့)၊ ခရမ်း၊ မင်းဘူး၊ သုံးခွ၊ ကြံခင်း၊ မိုင်းယု၊ တောင်ငူ၊ ဖယ်ခုံ၊ တန့်ယန်း၊ ကြည့်မြင့်တိုင်၊ လသာ၊ ညောင်ရွှေ၊ ဒေးဒရဲ၊ ဖျာပုံ၊ အင်းစိန်၊ စဉ့်ကိုင်၊ မြို့သစ်၊ ထန်းတပင်(ပဲခူး)၊ အုတ်တွင်း၊ ဗိုလ်တထောင်၊ ပျဉ်းမနား၊ ဒိုက်ဦး၊ လှည်းကူး၊ ဖောင်းပြင်၊ သန်လျင်၊ မြန်အောင်၊ မြောင်းမြ၊ သနပ်ပင်၊ဒေါပုံနှင့် လယ်ဝေးမြို့တို့တွင် ကျင်းပခဲ့ကြသည်။

ဒီဇင်ဘာလ နောက်ဆုံးပတ် လူထုလမ်းလျှောက်ပွဲများသို့ ခရိုင်နှင့် မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ပြည်သူများက ပါဝင်ဆောင်ရွက်ခဲ့ကြပြီး လူထုလမ်းလျှောက်ပွဲအပြီးတွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း များနှင့် အားကစားပြိုင်ပွဲများ ကျင်းပခဲ့ကြပြီး ဆုရရှိသူများကိုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။