နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်းရှိ မဲရုံများအားကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၂၇

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယနေ့မွန်းလွဲပိုင်းက လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် မဲရုံများကြိုတင်ပြင်ဆင်နေမှုများအားကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌဦးကျော်သူရနှင့် ကော်မတီဝင်များလိုက်ပါလျက် ကန်လှအခြေခံပညာ အထက်တန်းကျောင်း၌ဖွင့်လှစ်ထားသည့် ရှမ်းစုကျေးရွာအုပ်စုမှမဲရုံသို့ သွားရောက်ကြည့်ရှုကာ မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM တပ်ဆင်ထားရှိမှု၊ တာဝန်ထမ်းဆောင်မည့် မဲရုံကြီးကြပ်၊ မဲရုံမှူး၊ ဒုမဲရုံမှူးများ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍မဲရုံလုံခြုံရေးနှင့် မဲပေးရန်လာ ရောက်သည့် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေစေရေးနှင့် အခြားလိုအပ်သည်များမှာကြားကာ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော် ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ပေတုန်းမျှောင်ကျေးရွာ၊ မူလတန်းကျောင်းရှိမဲရုံနှင့် စံဝါအောင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း ခွဲရှိမဲရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ နေပြည်တော်ကောင်စီဝင်သည် ယမန်နေ့မွန်းလွဲပိုင်းက လယ်ဝေးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရနှင့် ကော်မတီဝင်များလိုက်ပါလျက် အမှတ်(၇) ရပ်ကွက် မဲရုံနှင့် ရေအိုးစင်ကျေးရွာမဲရုံများသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)