နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်၌ ပြည်သူများ မာရဝိဇယဘုရားသို့ လွယ်ကူစွာ သွားရောက်ဖူးမြော်ကြည်ညိုနိုင်ရေးနှင့် ကျောင်းသား/ ကျောင်းသူများ သက်ဆိုင်ရာတက္ကသိုလ်များ၌ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် တော်ဝင်မော်တော်ယာဉ်လိုင်း (၄) လိုင်းဖြင့် ပြေးဆွဲ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပြည်သူများ သွားလာရေးလွယ်ကူစေရေး၊ ဘုရားဖူးပြည်သူများ မာရဝိဇယဘုရားသို့ လွယ်ကူစွာသွားရောက် ဖူးမြော်ကြည်ညိုနိုင်ရေးနှင့်  ကျောင်းသား/ ကျောင်းသူများ သက်ဆိုင်ရာတက္ကသိုလ်များ၌ ပညာသင်ကြားရာတွင် လမ်းပန်းဆက်သွယ်ရေး  အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် EV Bus များဖြင့် ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ အဆိုပါယာဉ်များ မရောက်ရှိသေးချိန်ကာလအတွင်း ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီလီမိတက်၊ တော်ဝင်သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ Yutong CB ယာဉ် ခြောက်စီးဖြင့် မြို့တွင်းလိုင်း လေးလိုင်းကို နေပြည်တော်တွင် ပြေးဆွဲပေးလျက်ရှိသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း နေပြည်တော်ကောင်စီ အသေးစားငွေရေးကြေးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော်ကောင်စီအသေးစားငွေရေးကြေးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၁) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)တွင်ကျင်းပရာ နေပြည်တော် အသေးစားငွေရေးကြေးရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာ့စီးပွားဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း နေပြည်တော် ကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ကုန်စျေးနှုန်းတည်ငြိမ်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ‌ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရာဂီမုန်တိုင်းကြောင့် သဘာဝဘေးဖြစ်ပွားခဲ့သည့် မြို့နယ်များ၌ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရာဂီမုန်တိုင်းကြောင့် သဘာဝဘေး ဖြစ်ပွားခဲ့သည့် မြို့နယ်များ၌ ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ  ဦးသန်းထွန်းဦး ဥတ္တရသီရိမြို့နယ်၊ အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနား တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ  ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများ၊ လူမှုရေး အသင်းအဖွဲ့များ၊ စာပေပညာရှင်များနှင့် အကဲဖြတ်ဒိုင်များ၊ အလှူရှင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

မသန်စွမ်းလူငယ်များအတွက် ဖွင့်လှစ်သည့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပ

အားကစားနှင့်လူငယ်‌ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းလူငယ်များအတွက် ဖွင့်လှစ်သည့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲ အခမ်းနားကို အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၉ နာရီက လယ်ဝေးမြို့၊ အားကစားလေ့ကျင့်ရေးစခန်း၊ အမှတ်(၂)တွင် ကျင်းပသည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်အတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် ဒေသများတွင် ဆီထွက်သီးနှံနေကြာနှင့် အစေ့ထုတ်ပြောင်း သီးနှံများ စိုက်ပျိုးနိုင်‌ရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် ဒေသများတွင် ဆီထွက်သီးနှံနေကြာနှင့် အစေ့ထုတ်ပြောင်းသီးနှံများ စိုက်ပျိုးနိုင်‌ရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၊ မြို့နယ်ရှစ်မြို့နယ်မှ တောင်သူကိုယ်စားလှယ်များ တက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ပုဂ္ဂလိကစက်မှုမှတ်ပုံတင် ဆီစက်လုပ်ငန်းရှင်များအား ဖွင့်လှစ်ပို့ချခဲ့သည့် အသိပညာသင်တန်းသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၂)၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ပုဂ္ဂလိကစက်မှုမှတ်ပုံတင် ဆီစက်လုပ်ငန်းရှင်များအား ဖွင့်လှစ်ပို့ချသည့် အသိပညာပေးသင်တန်းသို့ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် စားအုန်းဆီတင်သွင်းမှုလျော့ချရေး၊ ဒေသတွင်းစားသုံးဆီဖူလုံရေး၊ ဆီထွက်သီးနှံများ တိုးမြှင့်ကြိတ်ခွဲရေးကြီးကြပ်မှု ကော်မတီဝင်ဌာနများမှ တာဝန်ရှိသူများ၊ ဆီစက်လုပ်ငန်းရှင်များနှင့်အတူ တက်ရောက်ခဲ့ကြသည်။

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး ၂၀၂၄ ခုနှစ်၊ စဥ်ဆက်မပြတ် ပညာရေးလုပ်ငန်းဆောင်ရွက်နေသည့် စာသင်ဝိုင်းများအား သွားရောက်အားပေး

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ဥတ္တသီရိခရိုင်၊ ဥတ္တရသီရိမြို့နယ်နှင့် လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း စဥ်ဆက်ပညာရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် စာသင်ဝိုင်းများအား သွားရောက်ကြည့်ရှုအား ပေးခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သန့်ရှင်းသာယာရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက် အတွင်းရှိ အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေး၊ ‌ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေးအတွက် ကျောင်းအတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ ဆရာမများကနှင့် ပြည်သူလူထုများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးပြီး ကျောင်းဆောင်များ ဥပဓိရုပ်ကောင်းမွန်စေရေး၊ ကျောင်းအတွင်းအပြင် သန့်ရှင်းသာယာလှပရေးကို အမြဲမပြတ် ဆောင်ရွက်ရမှာဖြစ်ကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားကာ သန့်ရှင်းရေး ဆောင်ရွက်နေသူများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ