နေပြည်တော် အောက်တိုဘာ ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများ၊ လူမှုရေး အသင်းအဖွဲ့များ၊ စာပေပညာရှင်များနှင့် အကဲဖြတ်ဒိုင်များ၊ အလှူရှင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးကို နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်နှင့် နေပြည်တော်ပညာရေးမှူးရုံး တိုင်းဦးစီးမှူး ဒေါက်တာကျော်လွင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပန်းဖွားအက နှင့် ဘင်ခရာတီးဝိုင်းအဖွဲ့တို့မှ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေ များပေးအပ် သည်။
ထို့နောက် နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းရှိ ဥတ္တရအလင်းတန်း ကျောင်းစာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုနေမှုကို ကြည့်ရှုအားပေးသည်။
အခမ်းအနားတွင် အမှတ် (၁၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက “အလှဆုံးပန်းများပွင့်ကြပြီ’’ သီချင်းဖြင့်လည်းကောင်း၊ “ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့’’ သီချင်းဖြင့်လည်းကောင်း သီဆို၍ တေးသရုပ်ဖော် ဖျော်ဖြေတင် ဆက်ကြပြီး “နိုင်ငံအကျိုးအတွက် မှန်းမျှော်ရည် ခိုင်မာတိုးတက်စေရမည်” ဗီဒီယို Clip ပြသသည်။
ထို့နောက် နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အနာဂတ်နိုင်ငံတော်ကို ပခုံးပြောင်း တာဝန်ယူမယ့်သူများဖြစ်သည့်အတွက် ဗလငါးတန်နှင့် ပြည့်စုံရန်လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းသား၊ ကျောင်းသူ လူငယ်၊ လူရွယ်များကို အဓိက ပြုစုပျိုးထောင်ပေးရမှာဖြစ်ကြောင်း၊ လူငယ်များအပါ အဝင် ပြည်သူများ စာဖတ်ကြရန်နှင့် စာပေလေ့လာဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင်များ ဖန်တီးပေးရန် အခြေခံပညာကျောင်းများနှင့် အဆင့်မြင့် ပညာဖြစ်သည့် တက္ကသိုလ်များကိုအခြေခံ၍ ယခုကဲ့သို့ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များ ကျင်းပခြင်းဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် နေ့စဉ်စာဖတ်ရာတွင် သုတ/ရသ ပညာရပ်အစုံကို ဖတ်ရှုကြရန်နှင့် နောင်တစ်ချိန် နိုင်ငံတော်က အားကိုးအားထားရသော သားကောင်းသမီးကောင်း ပညာရှင်များ ပေါ်ထွန်းရေး အတွက် ကြိုးစားကြရမှာဖြစ်ကြောင်း၊ စာကြည့်တိုက်များ ဖွင့်လှစ်ပေးခြင်းသည် လူငယ်များ အပါ အဝင် ပြည်သူများ စာဖတ်ကြစေရန်၊ စာပေလေ့လာ ဖတ်ရှုနိုင်ရန် အခွင့်အလမ်းများ ဖော်ဆောင် ပေးခြင်းဖြစ်ကြောင်း၊ ပညာရေးကဏ္ဍကို မြှင့်တင်ရာတွင် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေနိုင်ရေး၊ KG+9 ပြီးမြောက် အောင်မြင်စေရေး၊ ကျောင်းနေရာခိုင်နှုန်း တိုးတက်မြင့်မားရေး၊ တန်းစဉ် ကူးပြောင်းမှု တိုးတက်မြင့်မားရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း၊ စာဖတ်ခြင်းသည် ဘဝတစ်သက်တာအတွက် လွန်စွာအကျိုးကျေးဇူး ရှိစေသောကြောင့် ကလေးငယ် များအား ငယ်စဉ်မှစ၍ စာဖတ်သည့် အလေ့အထကိုပျိုးထောင်ပေးရန် အရေးကြီးပါ ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး စာကြည့်တိုက် များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို ကြိုးပမ်း ဆောင်ရွက်ခြင်းဖြင့် ဗဟုသုတ ပြည့်စုံကြွယ်ဝသည့် အနာဂတ်မျိုးဆက်သစ် လူငယ်များဖြစ်စေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု ကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် တေးသရုပ်ဖော် ဖျော်ဖြေတင် ဆက်ကြသည့် ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေ များကိုလည်းကောင်း၊ အလှူရှင်များနှင့် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်းပေးအပ်ပြီး ဥတ္တရသီရိမြို့နယ်အတွင်းရှိ စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာ နေပြည်တော်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်က လက်ခံရယူသည်။
ထို့နောက် စာပေဗိမာန်စာမူဆုရ စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)က စာပေလေ့လာဖတ်ရှုမှု အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောသည်။
အခမ်းအနားအပြီးတွင် နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက စာအုပ်စာစောင်များ၊ ဓာတ်ပုံမှတ်တမ်းများ၊ စာအုပ်အရောင်းဆိုင်များ၊ ကျောင်းသား၊ ကျောင်းသူများ၏ စာပေဆွေးနွေးပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ် ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုအခြေအနေများ၊ ကျောင်းသား ကျောင်းသူများ၏ ကာယစွမ်းရည်၊ ဉာဏစွမ်း ရည်ပြိုင်ပွဲများ ပျော်ရွှင်စွာ ယှဉ်ပြိုင် နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကြပြီး ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်တွင် ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၌ ဇီဝိတဒါနစုပေါင်းသွေးလှူဒါန်းမှုကို ကြည့်ရှုအားပေးကြပြီး အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှတ်(၂)တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)အတွက် အလှူငွေကျပ် ၁၀ သိန်းကို ပေးအပ်လှူဒါန်းရာ အမှတ်(၂)တပ်မတော် ဆေးရုံကြီး(ခုတင်-၁၀၀၀) တပ်မှူး ဗိုလ်မှူးချုပ် အောင်မြတ်ကျော်က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ဥတ္တရသီရီမြိုနယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရွှေနံ့သာတွင် စဉ်ဆက်ပညာရေးလုပ်ငန်းစဉ်ဖြစ်သည့် စာသင်ဝိုင်းသို့ သွားရောက်၍ စာသင်ဝိုင်း၌ စာတတ်မြောက်ရေး သင်ကြား၊ သင်ယူလျက်ရှိသည့် စေတနာရှင် လုပ်အားပေး နည်းပြ၊ ကြီးကြပ်များနှင့် စာသင်သားများကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကား ပြောကြားပြီး စာသင်ဝိုင်းများအတွက် စာရေးကိရိယာများ၊ အာဟာရဖြည့်အစားအစားများနှင့် ထောက်ပံ့ငွေများကို ပေးအပ်ကြသည်။
ထို့နောက် အဆိုပါကျောင်းရှိ ကျောင်းစာကြည့်တိုက်တွင် ကျောင်းသားကျောင်းသူများ စာပေလေ့လာဖတ်ရှုနေမှုကို ကြည့်ရှုအားပေးပြီး စာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)